Chapter -47

622 25 2
                                    




Unicode
————

“ ဒါနဲ့ဘာကြောင့်များကိုယ့်သားအရင်းကိုတောင်ပြန်သတ်ဖို့ကြံရတာလဲ???…ပါ…ပါး ”

“ မင်း!!?… ”

“ အဟက်…ဘယ်လိုလဲ??? ကိုယ့်သားကိုပြန်သတ်ရတာအဆင်ပြေချောမွေ့ရဲ့လား!?? ”

သူ့အပြောကြောင့်အလွန်ကိုထိတ်လန့်သွားကာနောက်ကိုခြေလှမ်းအနည်းငယ်ဆုတ်သွားပြီး 'မင်း'ပြီးရှေ့ဆက်ပြောမဲ့စကားများမဲ့သွားတဲ့သူကြောင့် ခနဲ့သလိုလိုရယ်လိုက်ပြီး သူမေးလိုက်တယ်

“ မင်းကသိသွားပြီဆိုတော့လည်းဆက်ပြီးဟန်ဆောင်နေစရာမလိုတော့ဘူးပေါ့!…ပြီးတော့ ငါမင်းကိုဘယ်တုန်းကမှငါ့သားအဖြစ်မသတ်မှတ်ခဲ့ဖူးဘူး!… ”

“ သိပ်ကိုဖခင်ကောင်းပီသလွန်းတာပဲ!! ”

“ ဖခင်ကောင်း!??…အဟက်… တော်စမ်းပါ!…မင်းပြောတဲ့ဖခင်းကောင်းဆိုတာကငါ့အတွက်တော့ရယ်စရာဟာသတစ်ခုပဲဆိုတာကိုမှတ်ထားလိုက်!…ပြီးရင်နောက်ဘဝကိုအေးအေးချမ်းချမ်းလေးပဲကူးပြောင်းလိုက်တော့…စိတ်မပူပါနဲ့…ငါ့ရဲ့သားဆိုတဲ့နာမ်မည်ကိုထောက်ပြီးငါမင်းကိုတစ်ချက်တည်းနဲ့အသေသတ်ပေးမှာပါ…ဟားးးး ”

သူ့အပြောကြောင့်ဝန်ခံလာကာ သူ့ကို'ဘယ်တုန်းကမှသားတစ်‌ယောက်အဖြစ်မသတ်မှတ်ခဲ့ဘူး'လို့ပြောလာတာကြောင့် 'ဖခင်ကောင်းပီသလွန်းတယ်'ဆိုပြီရွဲ့ကာပြောလိုက်တော့ ခနဲ့သလိုလိုရယ်လာကာ ထိုစကားကသူ့အတွက်ဟာသတစ်ခုပဲဖြစ်ကြောင်းနဲ့သူ့ကိုအေးအေးဆေးဆေးသာသေလိုက်တော့ဖို့ပြောပြီး သူ့ရဲ့'သားဆိုတဲ့နာမည်ကိုထောက်ပြီးတစ်ချက်တည်းနဲ့အသေသတ်ပေးမှာပါ'ဆိုပြီးမျက်တောင်တစ်ချက်မခတ်ပဲ ပြောလာတဲ့မူလကိုယ်ရဲ့ဖခင်ဖြစ်သူကြောင့်သူ့ရဲ့ရင်ထဲမှာအတော်ကိုတင်းကျပ်လာသလိုခံစားရကာ မူလကိုယ်ရဲ့အတိတ်မေ့နေတဲ့ငယ်ဘဝကပျော်စရာအမှတ်တရာတွေကိုသတိရမိကာ မူလကိုယ်ရဲ့ခံစားချက်တွေပေါက်ထွက်လာခဲ့တယ်

“ ဟားးးးး…အရမ်းကောင်းတယ်!…မွေးထားပြီးသားအဖြစ်မသတ်မှတ်ခဲ့ဘူးတဲ့လား!??…ဒါဆိုကျွန်တော့ကိုငယ်ငယ်ကပွေ့ဖက်နမ်းရှိုက်ခဲ့တာတွေ ၊ အတူတူရယ်မောဆော့ကစားခဲ့ကြတာတွေ ၊ ကျွန်တော့မွေးနေ့ရောက်တိုင်းနေရာစုံကိုမိသားစုတွေအတူတူသွားကြပြီးမိသားစုပျော်စရာအမှတ်တရလေးတွေဖန်တီးခဲ့ကြတာတွေ ၊ မားရဲ့မွေ့နေ့တိုင်းမိသားစုလိုက်အလျှူအတန်းတွေပြုလုပ်ပြီးအတူတူကုသိုလ်ရှာခဲ့ကြတာကရော ၊ ကျွန်တော်ဖြစ်ချင်တဲ့ရည်မှန်းချက်ကိုပြောပြတော့ရယ်မောကာ 'အတော်ဆုံး designerတစ်ဖြစ်မှာသေချာတယ်'ဆိုပြီးရယ်မောကာကြွေးကြော်ခဲ့တဲ့အရာတွေအားလုံးကအတုအ‌‌ယောင်ဟန်ဆောင့်ခဲ့တာပဲပေါ့လေ…ဟုတ်လား!??   ”

ဝိညာဉ်ကူးပြောင်းပြီး နောက် အမှန်တရား  { Completed  } [ပြန်လည်ပြင်ဆင်နေသည်]Where stories live. Discover now