Unicode
————Company ကိုရောက်တော့ မော့မိန်ကျစ်ကပြင်ဆင်စရာရှိတာတွေကို ပြင်ဆင်ပြီး ကျိုးရှီယန်ကတော့ မော့မိန်ကျစ် လုပ်သမျှကိုဘေးကနေလိုက်ပြီးမျက်စိဒေါက်ထောက်ကြည့်နေလေရဲ့
ဝန်ထမ်းတွေမှာလဲ သူတို့သူဌေးမ လုပ်တဲ့အရာတွေကို ဘေးကနေလိုက်ကြည့်နေတဲ့ အကိုလေးကို ကြည့်ပြီး ပြုံးမိနေကြတယ် ။ အတွေးထဲမှာလည်း ' အကိုလေးက ငါတို့သူဌေးမကိုတော်တော်ဂရုစိုက်တာပဲ ' ဟုတွေးနေမိတယ်
“ ဟဲ့ အကိုလေးက အရမ်းချစ်စရာကောင်းတာပဲနော် ”
“ အေးဟဲ့ ချစ်စရာလေး ဖြူဖြူလုံးလုံးလေးနဲ့ ”
“ နင်တို့တွေအလုပ်လုပ်ဖို့စိတ်မကူးတော့ဘူးလား? ”
သူတို့နှစ်ယောက်အကိုလေးကိုကြည့်ပြီးမှတ်ချက်တွေပေးနေတုန်း နောက်ကနေ မန်နေဂျာအစ်မရွှယ်ရောက်လာပြီး အလုပ်မလုပ်တော့ဘူးလားလို့ပြောလာတာကြောင့် သူတို့လည်းပြုံးပြပြီး အလုပ်စားပွဲရှိရာဆီကိုထွက်လာခဲ့လိုက်တယ်
အလုပ်မလုပ်ပဲ အကိုလေးကိုကြည့်ပြီးမှတ်ချက်တွေပေးနေတဲ့နှစ်ယောက်ကို အနည်းငယ်ဟောက်လိုက်တော့ ပြုံးပြပြီးထွက်သွားတဲ့နှစ်ယောက်
သူလည်း အကိုလေးကိုလှမ်းကြည့်လိုက်တော့ သူတို့ပြောသလိုပဲ တကယ်ချစ်ဖို့ကောင်းတယ်
“ အဟိ တကယ်ပဲ အရမ်းချစ်ဖို့ကောင်းနေရော uke ပုံစံလေး ”
သူလည်းထောက်ခံမိတယ် တကယ်ချစ်စရာကောင်းနေတာကိုး နောက်တော့ ကိုယ့်အလုပ်ကိုပဲသွားလုပ်ဖို့ဆုံးဖြတ်ကာထွက်လာခဲ့လိုက်တယ်
ဒီလိုနဲ့ ၁၁နာရီလောက်လည်းကျရော ချင်း gp ရဲ့ CEO လည်းရောက်လာတော့မှာမို့ ဧည့်ကြိုကောင်တာနားကနေစောင့်နေလိုက်တယ် သိပ်မကြာပါဘူး ရောက်လာတဲ့လူတချို့
ကျိုးရှီယန်လည်း မော့မိန်ကျစ်နဲ့အတူ ဇာတ်လိုက်တို့အလာကိုစောင့်နေလိုက်တယ် ။ ထိုအချိန်မှာပဲ company ထဲကိုဝင်လာတဲ့လူတချို့ သူလည်းထိုလူတွေကိုကြည့်လိုက်တော့ ရှေ့ဆုံးကနေလျှောက်လာတဲ့ အနက်ရောင် ဝတ်စုံပြည့်နဲ့လူတစ်ယောက် အရမ်းချောတာပဲ ဖြူဝင်းနေတဲ့အသားအရေ ၊ မထူမပါးမျက်ခုံး ၊ စွန်ရဲတစ်ကောင်ရဲ့မျက်လုံးတွေလို စူးရှတဲ့မျက်ဝန်း ၊ ဖြောင့်စင်းနေတဲ့နှာတံချွန်းချွန်း ၊ တင်းတင်းစေ့ထားတဲ့မထူမပါးနှုတ်ခမ်းရဲရဲလေးနဲ့ V ပုံစံမေးရိုး ကတကယ်ကိုလိုက်ဖက်တယ် အနက်ရောင်ဆံပင်တွေကိုမှအပေါ်ကိုကျကျနနလှန်တင်ထားပြီး ၆ပေကျော်တဲ့အရပ်အမောင်း ကတကယ်ကို ကြည့်ကောင်းကာ ခန့်ညားပြီး ယောင်္ကျားပီသတဲ့ပုံစံနဲ့ အင်း တော်တော်ချောတာပဲ
YOU ARE READING
ဝိညာဉ်ကူးပြောင်းပြီး နောက် အမှန်တရား { Completed } [ပြန်လည်ပြင်ဆင်နေသည်]
RomanceUnicode ဇာတ်လမ်းကတော့မပြောပြတော့ပါဘူးနော် ကိုယ့်ဘာသာကိုယ်ပဲဝင်ဖတ်ကြည့်လိုက်ပါ😁😁 ကိုယ်ပိုင်စိတ်ကူးလေးမို့ပါပထမဦးဆုံးအကြိမ်ရေးခြင်းလည်းဖြစ်ပါတယ် အကောင်းဆုံးကြိုးစားပြီရေးပေးမှာမို့ဖတ်ပေးကြပါဦးနော် ဖတ်ကြည့်လို့မှမကြိုက်ဘူးဆိုရင်ပြောပါ အားမနာနဲ့ရတယ်...