chapter -46

618 28 2
                                    






Unicode
————

“ အို ဟိုဟို…သတိရလာပြီလား??? ”

သူကြိုးဖြည်ဖို့လုပ်နေတုန်းကြားလိုက်ရတဲ့အသံကြောင့်ကြည့်လိုက်တော့မြင်လိုက်ရတာကမျက်နှာရဲ့ဘယ်ဘက်ခြမ်းကမျက်လုံးပေါ်ကိုကန့်လန့်ဖြတ်အမာရွတ်တစ်ခုရှိနေပြီး ဆံပင်ကိုအနောက်လှန်တင်ထားကာလေးထောင့်မျက်မှန်အနက်ရောင်ကိုင်းနဲ့ ခတ်ဖြောင့်ဖြောင့်လူတစ်ယောက်

“ အာ့!!...ခေါင်း…အား!!!  ”

သူကြည့်နေရင်းရုတ်တရပ်အမြင်တွေဝေဝါးလာပြီးမှုန်ဝါးဝါးပုံရိပ်ယောင်တချို့ကိုမြင်နေရပြီးခေါင်းတွေတအားထိုးကိုက်လာခဲ့တယ်

“ ဘာတွေလာပြီးရုပ်ရှင်ရိုက်နေတာလဲ!?? ”

“ အာ့ဟာ့!!!  ”

“ မင်းအခုထိမရပ်သေးဘူးလား!!? ”

သူ့ရှေ့လာခေါင်းကိုက်ချင်ယောင်ဆောင်နေတဲ့ကောင်လေးကြောင့်ဟန်မဆောင်တော့ဖို့ပြောပေမဲ့ထပ်မံပြီးအော်ဟစ်ညည်းထွားနေတာကြောင့်စိတ်တိုကာရပ်ဖို့ပြော‌လိုက်တယ်။ဒါပေမဲ့လည်းဆက်ပြီးအော်ဟစ်နေသေးတာကြောင့်စိတ်ရှုပ်စွာကြိုးဖြည်ပေးလိုက်တယ်

ဘုန်း!!!

“ အားဟာ့!!!…ခေါင်း…အား!! ”

သူကြိုးဖြည်ပေးလိုက်တာနဲ့ထိုင်ခုံပေါ်ကနေအောက်ကိုပြုတ်ကျသွားပြီးကြမ်းပြင်ပေါ်မှာလူးတွန့်ကာခေါင်းကိုလက်နှစ်ဖက်နဲ့ကိုင်ပြီးအော်ဟစ်နေတာကြောင့်သူ့စိတ်ထဲတစ်မျိုးကြီးခံစားလိုက်ရတယ်။ထိုခံစားချက်ကြီးကဘယ်လိုပြောရမလဲဆိုတာတော့သူမပြောတတ်ပေမဲ့ တခုခုကိုစိုးရိမ်နေသလိုခံစားလိုက်ရတယ်

_________&&&&&&_____&&&___

“ ဘာ!!! ဘယ်ကိုခေါ်သွားကြတာလဲ!!? ”

“ ×××ရဲ့တောအုပ်ထဲကအနက်ရောင်စံအိမ်ကြီးကိုပါ ”

“ သွား…မင်းတို့အရိပ်ကိုယ်ရံတော်တွေအကုန်ခေါ်ပြီးလိုက်ခဲ့!! ငါအရင်သွားနှင့်မယ် ”

“ ဟုတ်ကဲ့ ”

“ ကျွန်တော်ပါလိုက်ခဲ့မယ်အန်တီယွင် ”

ဝိညာဉ်ကူးပြောင်းပြီး နောက် အမှန်တရား  { Completed  } [ပြန်လည်ပြင်ဆင်နေသည်]Hikayelerin yaşadığı yer. Şimdi keşfedin