Chapter -28

866 35 0
                                    


Unicode
————

“ Hi...တို့ဒီမှာထိုင်မယ်နော် ”

မင်ရှန်းထောင့်ကျတဲ့စားပွဲဝိုင်းတစ်ခုမှထိုင်နေပြီးသူနဲ့မလှမ်းမကမ်းတွင်တော့ မိန်းကလေးတချို့နဲ့ရယ်မောကာကလူနေတဲ့ချစ်ရတဲ့လူသားလေးကတော့သူရှိနေသည်ကိုတောင်မေ့လျော့လို့နေလေသည်လား??မေ့ချင်ယောင်ပဲဆောင်ထားသလား??ဆိုတာကိုသူမသိတော့…

ဟူးးး ဘယ်လောက်ပဲမြင်နေကျ၊တွေ့နေကျအရာတွေဖြစ်ပေမဲ့လို့ အမှတ်မရှိတဲ့နှလုံးသားကတော့နာကျင်နေတုန်းပါပဲ

ရှေ့ကမြင်ကွင်းကိုကြည့်နေရင်းလက်ထဲမှာကိုင်ထားတဲ့ဘယ်နှစ်ခွက်မြှောက်မှန်းမသိတဲ့ဝိုင်နီခွက်လေးကိုသာထပ်မံ၍မော့ကာသောက်နေမိချိန်အနားကိုရောက်လာကာအတူထိုင်ရန်ပြောလာတဲ့မိန်းကလေးတစ်ယောက်။

'မင်းလေးကတောင်တစ်ယောက်ပြီးတစ်ယောက်ထည်လဲတွဲနိုင်သေးတာပဲ။ငါကရောဘာကြောင့်လက်မလွှတ်နိုင်ရမှာလဲ???' ဆိုတဲ့အတွေးနဲ့အတူရှေ့ကမိန်းကလေးရဲ့လက်တစ်ဖက်ကိုဆွဲလို့မိမိပေါင်ပေါ်မှာထိုင်စေလိုက်တယ်။ ဘာကြောင့်ကိုယ့်အတွက်မဟုတ်တဲ့အရာတစ်ခုကိုလက်လွှတ်ဖို့အတွက်ကြိုးစားကြည့်သင့်တယ်မလား???

“ အို... ”

_________&&&&&______&&&___

အခုဆိုရင် hotel ရဲ့ VIP သီးသန့်ခန်းတစ်ခုထဲတွင်တော့မျက်ချင်းဆိုင်ထိုင်နေကြသောလူ၅ဦး

ထိုသူများမှာတော့ ကျိုးလင်ဝမ်၊ဝမ်ဖေးယာ၊ကျိုးမော့လန်၊ကျိုးရှီယန်၊မော့မိန်ကျစ်တို့သာဖြစ်တယ်

“ ကျွန်မကိုဘာကိစ္စကြောင့်ခေါ်တွေ့ရတာလဲ? ”

ဝမ်ဖေးယာ ဘာမှမပြောပဲထိုင်နေကြတဲ့သူမရှေ့လူ၄ယောက်ကြောင့် စိတ်ရှုပ်စွာနဲ့သူမပြောလိုက်တယ်

သူမမိတ်ဆွေတချို့နဲ့စကားပြောနေရင်းလူတစ်ယောက်ကသူမကို 'တွေ့ချင်တဲ့လူရှိတယ် သူ့နောက်ကလိုက်ခဲ့ပါ' ဆိုပြီးလာခေါ်တဲ့လူကြောင့်သိချင်စိတ်နဲ့‌လိုက်လာခဲ့လိုက်တယ်။ထိုနေရာလဲရောက်ရောသီးသန့်ခန်းတစ်ခန်းရှေ့ရောက်လာပြီး 'ဝင်သွားလိုက်ပါ' လို့ပြောကာထွက်သွားတဲ့ထိုလူ သူမလည်းအခန်းတံခါးဖွင့်ကာဝင်လာလိုက်တော့ သူမတွေ့လိုက်ရတာက ပြုံးပြီးကြည့်နေတဲ့ သူမရဲ့မိခင်နဲ့ဘေးက ကျိုးgp ရဲ့ ဥက္ကဋ္ဌရယ်၊ သူမကိုကျောပေးကာထိုင်နေတဲ့လူနှစ်ယောက်

ဝိညာဉ်ကူးပြောင်းပြီး နောက် အမှန်တရား  { Completed  } [ပြန်လည်ပြင်ဆင်နေသည်]Where stories live. Discover now