Chapter -41

785 29 2
                                    


Unicode
————

လမ်းမထက်သို့အရှိန်ပြင်းစွာမောင်းနှင်နေသောလူနာတင်ကားထဲတွင်တော့ သွေးများနဲ့ရဲရဲစိုနေသောဝတ်စုံနဲ့ကောင်းလေးတစ်‌ယောက်ဟာဆိုရင်တော့အရေးပေါ်အောက်ဆီဂျင်တပ်ပေးခံထားရပြီးထိုကောင်လေးရဲ့ဘေးတွင်လည်းထိုကောင်လေးရဲ့လက်တစ်ဖက်ကိုကျစ်ကျစ်ပါအောင်ဆုတ်ကိုင်ထားပြီးမျက်ရည်များတသွင်သွင်စီးကျကာငိုယို‌စိတ်ပူနေသောကောင်လေးတစ်ယောက်လည်းရှိနေပြီး nurse တစ်ချို့လည်းရှိနေကာအရေးပေါ်ကုထုံးများနဲ့ဘီးတပ်လူနာတင်ခုတင်ပေါ်ရှိကောင်လေးရဲ့အခြေအနေကိုထိန်းသိမ်းပေးနေလေသည်

“ ရှန်း…မင်းဘာမှမဖြစ်ရဘူး အဟင့်…မကြာ…မကြာခင်ရောက်တော့မှာ ဒါကြောင့်…ဒါကြောင့်ခဏလောက်ဖြစ်ဖြစ်တောင့်ခံထားပေးပါ ဟင့် ”

“ ယွီ…ယွီအာ ကိုယ်…ကိုယ်..မင်းကို…အ…အရမ်းချစ်…ချစ်တယ် အဟွတ် ဟွတ် ”

ရှန်းကိုယ့်အခြေအနေကိုယ်သိတယ်။သူအ‌သက်မရှင်နိုင်တော့မှန်းပေါ့။ဒါကြောင့်သူ့ရဲ့မြတ်နိုးရာလေးကို‌ပြောချင်နေတဲ့ရင်ထဲကစကားတွေအကုန်လုံးကိုထုတ်ပြောချင်ပေမဲ့ စကားပြောရန်ပြင်လိုက်တာနဲ့ပါးစပ်ထဲကနေသွေးများဟာအဆက်မပြတ်အန်ထွက်လာပြီးချောင်းတွေပါဆိုးဆိုးလာရတယ်။ ဒါပေမဲ့လည်းသူ့ရဲ့နောက်ဆုံးအချိန်လေးမှာတော့သူ့ရဲ့ခံစားချက်တွေကိုသူလေးသိစေဖို့အတွက်ပြောပြချင်တယ် ဒါကြောင့်သူအားတင်းပြီးပြောလိုက်တယ်

သူလေးကို အရမ်းချစ်တယ်ဆိုတဲ့အကြောင်းကိုပေါ့

“ အဟင့်…ငါသိတယ်…ငါသိတာမို့…ငါသိတာမို့မပြောပါနဲ့တော့ ဟင့် တောင်းပန်ပါတယ် ရွှတ်  ”

“ လူနာစကားမပြောပါနဲ့…အခြေနေတွေပိုဆိုးလာနိုင်တာကြောင့် ငြိမ်ငြိမ်လေးနေပေးစေချင်ပါတယ် ”

“ ဟုတ်တယ်ရှန်း…ဒါကြောင့်စကားမပြောပါနဲ့တော့ ရွှတ် ”

“ ယွီ…ယွီအာ မ..ငို..ပါနဲ့…အဟွတ် မင်း…မင်းလေးရဲ့ အဟွတ် ဟွတ် ”

သူစကားပြောတော့သွေးတွေကိုပိုပြီးအန်ထွက်လာစေတာကြောင့် ချစ်ရသူလေးကတားလာတယ် ထို့အတူ nurse တစ်ယောက်ကလည်းတားလာတယ်။ ဒါပေမဲ့သူသာထိုစကားတွေကိုမပြောလိုက်ရဘူးဆိုရင် သူနောင်တရ ရလိမ့်မယ်

ဝိညာဉ်ကူးပြောင်းပြီး နောက် အမှန်တရား  { Completed  }Where stories live. Discover now