Chapter -40

642 22 0
                                    


လိုအပ်ချက်တစ်စုံတစ်ရာများရှိခဲ့ပါကဖြည့်စွက်ပြီးတော့ဖတ်ပေးကြဖို့‌မေတ္တာရပ်ခံတောင်းဆိုအပ်ပါတယ်🙏🏻🙏🏻

မပြည့်စုံတဲ့မကောင်းမကမ်းလက်ရာလေးဖြစ်နေလို့ပါ…တောင်းပန်ပါတယ်🙏🏻🙏🏻🙏🏻

__________&&&&&_____&&&__

Unicode
————

သူတောင်မသိလိုက်ခင်မှာပဲ 'သခင်လေး'ဆိုတဲ့ရှန်းရဲ့စိုးရိမ်တကြီးအော်သံနဲ့အတူ သူ့ရဲ့ခန္ဓာကိုယ်ဟာလည်းတွန်းထုတ်ခြင်းကိုခံလိုက်ရတယ်

“ အာ့! ”

သူကြောင်အနေတုန်းမှာပဲ နာကျင်မှုကြောင့်ညည်းညူသံတစ်ခုကိုကြားလိုက်ရတာကြောင့်ကြည့်လိုက်တော့ သူတွေ့လိုက်ရတာက…

“ ရှန်း!!!…ရှန်း!!…ရှန်းဘယ်လိုဖြစ်တာလဲ!!? ”

ဘယ်ဘက်ရင်ဘတ်ကနေသွေးများစိမ့်ထွက်နေပြီး လဲကျနေတဲ့ရှန်းကိုတွေ့လိုက်ရတာကြောင့်သူအရမ်းကိုထိတ်လန့်သွားရတယ်။ရှန်းရှိရာဆီကိုအမြန်သွားလိုက်ပြီး သူ့ရဲ့ကိုယ်လုံးလေးကိုထွေးပွေ့ထားရင်း အကြိမ်ကြိမ်အော်ခေါ်နေမိတယ်

“ ရှန်း!!…ရှန်း!!! ”

“ အဟွတ်...ဟွတ် သ…သ.ခင်.လေး အဟွတ်! ”

“ ရှန်း! ရှန်းသွေးတွေ!!…ရှန်း...မင်းသွေး…သွေးတွေအရမ်းထွက်နေပြီ စကားမပြောနဲ့တော့…မင်းတို့တွေဘာလုပ်နေကြတာလဲ!!!? မြန်မြန်ဆေးရုံကားခေါ်ကြလေ!!!  ”

ဘာမှမလုပ်ပဲသူတို့ကိုရပ်ကြည့်နေကြတဲ့တပည့်ဖြစ်သူတေကြောင့် ဆေး‌ရုံကားအမြန်ခေါ်ရန်အော်‌ပြောလိုက်တယ်။ရှန်းရဲ့ဒဏ်ရာကလည်းသွေးတေအရမ်းထွက်နေပြီးပါးစပ်ကနေပါသွေးတေအန်ထွက်နေတယ်။ စကားပြောဖို့ကြိုးစားနေတဲ့ရှန်းကြောင့်ပိုပြီးတော့တောင်သွေးများကအန်ထွက်လာနေတယ်

“ အဟွတ် သ…သခင်...လေး မ…မငို...အဟွတ်…ပါနဲ့  ”

“ ဟာ…ရှန်း!!စကားမပြောနဲ့တော့ သွေးတွေအန်ထွက်နေပြီ!! ”

ငိုနေတယ်???သူငိုနေတယ်??

သူ့ကိုမငိုဖို့ပြောနေတဲ့ရှန်းကသွေးများစွာအန်ထွက်နေပေမဲ့ အားတင်းကာ‌စကားပြောရင်း သူ့ရဲ့ပါးပြင်ပေါ်သို့စီးကျနေသောမျက်ရည်များကို သူ့ရဲ့လက်နဲ့သုတ်ပေးနေလေတယ်။ပြီးတော့ မျက်နှာပေါ်မှာလည်းအပြုံးယဲ့ယဲ့လေးတစ်ခုကိုဖန်တီး‌ထားလေတယ်

ဝိညာဉ်ကူးပြောင်းပြီး နောက် အမှန်တရား  { Completed  } [ပြန်လည်ပြင်ဆင်နေသည်]Where stories live. Discover now