Chapter - 4

2K 88 7
                                    


Unicode
_________




ဝိညာဉ်ကူးပြောင်းပြီးနောက် အမှန်တရား






ဟူးးး ငါလေးဒီရောက်နေတာတစ်ပတ်လောက်ရှိနေပြီ မူလကျိုးရှီယန် လိုဟန်ဆောင်ရတာလဲသိပ်ပြီးတော့မခက်ပါဘူး။သူ့(မူလကျိုးရှီယန်)ရဲ့စရိုက်အရလူငယ်ပီပီသွက်လက်ပေါ့ပါးပြီးတော့လွတ်လပ်တဲ့ပုံစံရှိတာကြောင့်ဟန်ဆောင်ရတာလွယ်ကူတယ်။ကိုယ်တိုင်ကလည်းအဲ့လိုစရိုက်မျိုးရှိတော့ပိုအဆင်ပြေတာပေါ့။ဒါပေမဲ့ ခက်တာကမူလကျိုးရှီယန်ရဲ့မွေးစားအမေဖြစ်တဲ့မော့မိန်ကျစ်ပဲ ဘာလို့ဆို နေမကောင်လို့အိမ်မှာပဲနေပါဆိုတာကိုအိမ်မှာမနေဘူးတဲ့လေ

အခုလဲ Company ကိုမသွားရတော့ မော့ Gp ကပိုင်တဲ့ shopping mall တစ်ခုထဲက ကုန်ပစ္စည်းဆိုင်တစ်ဆိုင်ကိုရောက်နေတယ်။ ပြီးတော့လဲရုံးခန်းထဲမှာပဲအေးအေးဆေးဆေးနားနေလို့ပြောနေတာကိုအရေးမလုပ်ပဲ ငွေရှင်းတဲ့ကောင်တာမှာပဲနေ နေတယ်

{ သူပြောချင်တာ 'ငါလေးဒီရောက်နေတာတစ်ပတ်ရှိပြီ' ဆိုတာကဝတ္ထုထဲကူးပြောင်းလာတာတစ်ပတ်ရှိပြီကိုပြောတာပါနော် }

" မား ကလည်းဗျာ ရုံခန်းထဲမှာပဲအေးဆေးနားနေလို့ပြောတဲ့ဟာကို "

နှုတ်ခမ်းကိုအနည်းငယ်ဆူကာပြောလာတဲ့သူမ(မော့မိန်ကျစ်)ရဲ့ နှစ်ယောက်မရှိတဲ့သားတော်မောင်ကြောင့်အလိုလိုရယ်မိတယ်

" အဟင်းဟင်းး...အော် သားရယ် မားဘာမှမဖြစ်တော့ပါဘူး…အဆင်ပြေပါတယ် "

" ဒါပေမဲ့ ဆရာဝန်က မားကိုအေးဆေးအနားယူခိုင်းထားတာလေ…အဲ့ဒါကို မားက... "

" ကဲ..သား မားလည်းဘာမှပင်ပန်းတာမှမဟုတ်တာ ကောင်တာမှာပဲထိုင်ပြီးတချို့စာရင်းတွေစစ်နေရုံလေးပဲကို "

" အဲ့ဒီစာရင်းတွေကို သားစစ်မယ်ဆိုတော့လည်းပေးမစစ်ပြန်ဘူး "

" မားရဲ့သားလိမ္မာလေးကို မားကဘာကြောင့်လုပ်ခိုင်းရမှာလဲ?… မားရှိနေတာပဲမားဘာသာ မားပဲလုပ်မှာပေါ့ သားလေးကိုမခိုင်းရက်ပါဘူး "

" ဟုတ်ပါပြီ မားရယ်...ဒီမားလေးတစ်ယောက်ထဲရှိပါတယ် ထိန်းလို့ကိုမနိုင်ဘူး ပြောမရလည်းကြိုက်တာသာလုပ်တော့ဗျာ...တကယ်ပဲထိန်းလို့ကိုမရဘူး "

ဝိညာဉ်ကူးပြောင်းပြီး နောက် အမှန်တရား  { Completed  }Where stories live. Discover now