Chapter -32

665 25 0
                                    

Unicode
————

နိုးနေပေမဲ့မထသေးပဲခဏလောက်ဇိမ်ယူနေရင်းမနေ့ညကအဖြစ်အပျက်တေကိုပြန်မှတ်မိလာတာကြောင့် ကျန်းချူယွီတစ်ယောက်အတော်လေးကိုထိပ်လန့်သွားရတယ်

မနေ့ညက...ဟုတ်တယ် မနေ့ညက သူရှန်းရဲ့ဆွဲဖက်ကာနမ်းရှိုက်ခြင်းကိုခံခဲ့ရတယ် ပြီးတော့ ရှန်းဆီက 'ချစ်တယ်' ဆိုတဲ့စကားပါကြားခဲ့ရတယ်။နောက်တော့ ရှန်းရဲ့အဆုံးမရှိတဲ့အနမ်းစက်ဝန်းထဲမှာနစ်မျောသွားရပြီး နောက်ပိုင်းမှာ သူ...သူတို့နှစ်ယောက်... ဟင်!!! ဒါ...ဒါဆိုရင် သူ...သူတို့တ...တကယ်လား??? အိပ်...အိပ်မက်လား???

" အား! "

" သခင်လေးအဆင်ပြေရဲ့လားဟင်! "

" ဟင်... "

ရုတ်တရပ်ထထိုင်လိုက်တဲ့အချိန် အောက်ပိုင်းကနာကျင်မှုကကျောရိုးတလျှောက်ထိပဲ ဒါကြောင့်အော်လိုက်မိချိန်သူ့ရဲ့အမြင်အာရုံထဲကိုရောက်လာတဲ့ ရှန်းကအပေါ်ပိုင်းဗလာနဲ့သူ့ကိုစိတ်ပူနေတဲ့အကြည့်တေနဲ့ကြည့်နေတာကိုတွေ့လိုက်ရတယ်။သူ့ကိုယ်သူပြန်ငုံ့ကြည့်လိုက်တော့လည်းအဝတ်ဗလာနဲ့

ဒါ...ဒါဆို တ...တကယ်ကြီးဖြစ်...ဖြစ်ခဲ့ကြတယ်ပေါ့လေ

" ရှန်း!မင်း!! "

" တောင်းပန်ပါတယ်...ကိုယ့်ကိုကြိုက်သလိုအပြစ်ပေးပါ ဒါ...ဒါပေမဲ့ အနားကနေတော့ထွက်သွားဖို့မပြောပါနဲ့...တောင်းပန်ပါတယ် ကိုယ်မင်းကိုတကယ်ချစ်တာပါ ဒါကြောင့် ကိုယ့်ကိုမမုန်းလိုက်ပါနဲ့နော် "

သူပြောလိုက်တာနဲ့ကြမ်းပြင်ပေါ်ကိုချက်ချင်းဒူးထောက်ကာ ‌ခေါင်းကိုငုံ့ထားပြီးတောင်းပန်လာတဲ့ရှန်းက သူ့ကိုအပစ်ပေးခိုင်းလာတယ်။ 'သူ့ကိုတော့အနားကနေထွက်မသွားခိုင်းပါနဲ့' တဲ့ ပြီးတော့လည်း 'တကယ်ချစ်တာပါ မမုန်းပါနဲ့ ' တဲ့

" အဟက်...ထားလိုက်ပါတော့ ငါဘာမှမဖြစ်ခဲ့သလိုပဲနေပေးမယ် မင်းသွားလို့ရပြီ "

သူပြောလိုက်တော့ သူ့ကိုတောင်လှည့်မကြည့်ပဲထွက်သွားတဲ့...ရှန်း

သူအစကထင်ခဲ့တာထိုအဖြစ်အပျက်တေကအိပ်မက်တစ်ခုလို့ပေါ့ ဒါပေမဲ့ ထိုအရာတွေဟာတကယ်ဖြစ်ပျက်ခဲ့တယ်ဆိုတာကိုသိလိုက်ရချိန်မှာတော့ သူ့ရဲ့ရင်ခွင်ထဲကလူသားလေးကနိုးလာတာကြောင့် ခုတင်ပေါ်ကနေဆင်းကဒူးထောက်နေမိတယ်။ သူဒူးထောက်ပြီးခဏအကြာမှတော့ နာကျင်မှုကြောင့်အော်လိုက်တဲ့အသံကြောင့်ကြည့်လိုက်တော့ သူ့ရဲ့မြတ်နိုးရာလေးကထထိုင်နေပြီးခါးကိုကိုင်ထားတာကိုတွေ့လိုက်ရတာကြောင့်အနားကိုသွားကာ 'အဆင်ပြေလား' ဆိုပြီးစိတ်ပူပြီးမေးလိုက်ပေမဲ့ဘာမှပြန်ဖြေမလာခဲ့ဘူး

ဝိညာဉ်ကူးပြောင်းပြီး နောက် အမှန်တရား  { Completed  } [ပြန်လည်ပြင်ဆင်နေသည်]Where stories live. Discover now