Chapter -35

799 29 0
                                    

Unicode
----

ချစ်ရသူလေးအလိုကျ M city မှုရှိတဲ့ပင်လယ်ပြာကမ်းခြေက×××အမည်ရှိတဲ့ပင်လယ်စာဆိုင်ကို အချိန်မှီရောက်နိုင်ဖို့အတွက် ကိုယ်ပိုင် helicopter နဲ့ထွက်လာခဲ့လိုက်တယ်။

သူသိတာပေါ့ သူ့ရဲ့မြတ်နိုးရာလေးကတမင်သက်သက်ပြောလိုက်မှန်း ။ဒါပေမဲ့လည်း ချစ်ရသူလေးရဲ့စကားတခွန်းဟာသူ့အတွက်တော့မငြင်းဆန်နိုင်တဲ့အမိန့်တစ်ခုလိုပဲဆိုတာကိုထိုလူသားလေးသိအောင်ဘယ်လိုပြောပြရပါမည်နည်း

ဟူးးး...အခုတော့နောက်ကျတဲ့ခြေထောက်သစ္စာဖောက်လို့မှတ်ယူကာမြတ်နိုးရာလေးရှိရာဆီကိုသွားရပါဦးမည်။ ဒီလိုမှ မဟုတ်ပဲ သူလေးစိတ်ဆိုးသွားမှခက်ရကြီရဲ့

သူအတန်းရှေ့ကိုရောက်တော့ ကလေးငယ်ကသူငယ်ချင်းဖြစ်သူနဲ့ရယ်မောကာစကားပြောနေတဲ့မြင်ကွင်းကစောင့်လို့ကြိုနေလေတယ်။

မင်းလေးကကိုယ့်အတွက်တော့တကယ်ကိုအပန်းဖြေရာလေးပဲ။ကိုယ်တော့မင်းလေးကြောင့်ရူးတော့မှာပဲကွာ။အခုလောလောဆယ်တော့ကိုယ်သဝန်တိုတယ်။မင်းလေးကကိုယ်မဟုတ်တဲ့အခြားတစ်ယောက်နဲ့ရယ်မောနေတာကြောင့်ပဲ

" ကလေးငယ်...ဒီမှာမင်းလေးအတွက် ပင်လယ်စာစွတ်ပြုတ် ကိုယ်ဝယ်လာပြီ "

" ဟင်!?? "

ကျိုးရှီယန် မုကျားအော်နဲ့စကားပြောနေရင်း ဇာတ်လိုက်ရောက်လာကာ ပင်လယ်စာစွတ်ပြုတ်ကိုသူ့ရဲ့စာပွဲခုံပေါ်ကိုတင်ပေးလာတယ်။သူခဏတာကြောင်အသွားရတယ်။

ဒီလူတကယ်ကြီးသွားဝယ်လာတာလား??? အခုမှဒီလူထွက်သွားတာ မိနစ်၂၀တောင်ရှိဦးမယ်မထင်ဘူး

" အဟက်...ချစ်စရာကောင်းအောင်ကွာ "

သူအတွေးလွန်နေတုန်း နောက်ထပ်ကြားလိုက်ရတဲ့အသံနဲ့အတူသူ့ရဲ့ခေါင်းကိုလက်နဲ့လာပွတ်သပ်တာကြောင့် မျက်လုံးလှန်ကြည့်မိတော့ သူ့ကိုမြတ်နိုးရိပ်သန်းကာပြုံးပြီးကြည့်နေတဲ့ဇာတ်လိုက်ချင်းဇီဖုန်းက အင်းး...တကယ်ကိုချောမောခန့်ညားလွန်းတယ် ဘာလို့ဇာတ်လိုက်ကအရမ်းခန့်ချောကြီးဖြစ်နေပြီး ဇာတ်လိုက်မကျကာမှ ဘီလူးမသံပုရာသီစားတဲ့ရုပ်ကိုချီးကားတက်ကျိတ်ထားတဲ့မိချောင်းသွားဖြဲပြနေတဲ့ရုပ်နဲ့ ကြည့်ရအတော်ဆိုးတယ်။ဒါကိုများစာရေးဆရာကဘယ်နားကြည့်ပြီးညွှန်းဖွဲ့မမှီတဲ့ကဗျာစာသားတေနဲ့ခိုင်းနှိုင်းထားရတာလဲ???? ဆိုတာသူစဉ်းစားလို့ကိုမရဘူး။ကြည့်ရတာစာရေးဆရာကအဆံရှောင်နေတာပဲဖြစ်ရမယ်

ဝိညာဉ်ကူးပြောင်းပြီး နောက် အမှန်တရား  { Completed  } [ပြန်လည်ပြင်ဆင်နေသည်]Where stories live. Discover now