Unicode
————📱“ …… ”
“ တောက်စ်!!!…မင်းတို့ကောင်တွေဘာမှကိုသုံးစားမရဘူး…အဲ့ကောင်မကိုအခုမိအောင်ပြန်ဖမ်းလာခဲ့…မဟုတ်ရင်တော့မင်းတို့တွေငရဲပြည်ကို free ပို့ပေးလိုက်မယ် ”
📱“ …… ”
“ တောက်စ်!! ”
“ Boss တဖက်ဂိုဏ်းကချိန်းဆိုချက်ကိုလက်ခံခဲ့ပါတယ် ”
“ အင်း…ဒါနဲ့သူတို့ဘက်ကခန့်မှန်းချေဘယ်လောက်ရှိလဲ? ”
“ ၂၀ ”
“ ရပြီ ”
___________&&&&&&&______&&&__
‘ ဒီနေ့ရရှိထားတဲ့သတင်းအရ A cityရဲ့အချမ်းသာဆုံးစာရင်းဝင်သူဌေးကြီးအန်းရဲ့သမီး 'အန်းန'အမည်ရှိတဲ့ ၁၈နှစ်အရွယ်မိန်းကလေးမှာ မနေ့ညကသူငယ်ချင်းဖြစ်သူများနဲ့ partyပွဲတွင်ရှိနေပြီးအပြန်လမ်းမှာရုတ်တရပ်ပျောက်ဆုံးသွားကြောင်းကိုသိရှိခဲ့ရပါတယ်…ထို့အပြင် ၎င်းနည်းတူပျောက်ဆုံးနေသောဆယ်ကျော်သက်မိန်းမငယ်လေးများမှာလည်း ၁၄ယောက်ခန့်ရှိနေပြီး အခုချိန်ထိသက်ဆိုင်ရာများမှာလည်းထိုအမှုကိုစုံစမ်းစစ်ဆေး၍မရသေးတဲ့အခြေအနေတွင်ရှိနေတဲ့အတွက် အမျိုးသမီးငယ်လေးများကိုသတိထားပြီးဂရုတစိုက်ရှိစွာနေဖို့သတိပေးအပ်ပါတယ် ’
TV သတင်းလိုင်းမှတဆင့်ကြားလိုက်ရသောသတင်းကြောင့် ကျိုးရှီယန်အလိုမကျစွာမျက်ခုံးနှစ်ခုကိုတွန်းချိုးထားမိတယ်
နောက်တော့သူလည်း TV ကိုပိတ်ကာစခန်းကိုသာထွက်လာခဲ့လိုက်တော့တယ်။
“ ဒုရဲအုပ်ရောက်လာပြီလား? ”
သူလည်းစခန်းကိုရောက်တော့ဆိုင်ကယ်ပေါ်ကဆင်းတုန်းရှိသေးတယ် အနားကိုရောက်လာတဲ့ ငယ်သားကအလေးပြုတာကြောင့်ခေါင်းညိတ်ကာလက်ခံလိုက်တော့သူ့ကို 'ရောက်လာပြီလား?' ဆိုပြီးမေးလာတာကြောင့် 'အင်း' တစ်လုံးသာပြန်ဖြေလိုက်တယ်
“ ရဲမှူးကြီးကစခန်းကရဲသားတွေအကုန်လုံးကိုလေ့ကျင့်ကွင်းမှာလာစုဖို့မှာထားပါတယ် ”
“ ကောင်းပြီ သွားကြတာပေါ့ ”
သူတို့လည်းလေ့ကျင့်ကွင်းကိုထွက်လာခဲ့လိုက်တယ်။ထိုနေရာရောက်တော့စခန်းမှာရှိတဲ့ငယ်သားတွေအကုန်ရောက်နေပြီးရှေ့ဆုံးတွင်တော့ ဒုရဲမှူး၊ ရဲမှူးကြီးနဲ့အတူနောက်ထက်လူတစ်ယောက်ပါရှိနေတာကိုတွေ့လိုက်ရတယ်။သူလည်းထိုနေရာကိုလျှောက်သွားလိုက်ပြီးရဲမှူကြီးနဲ့ဒုရဲမှူးကိုအလေးပြုလိုက်တယ်
YOU ARE READING
ဝိညာဉ်ကူးပြောင်းပြီး နောက် အမှန်တရား { Completed } [ပြန်လည်ပြင်ဆင်နေသည်]
RomanceUnicode ဇာတ်လမ်းကတော့မပြောပြတော့ပါဘူးနော် ကိုယ့်ဘာသာကိုယ်ပဲဝင်ဖတ်ကြည့်လိုက်ပါ😁😁 ကိုယ်ပိုင်စိတ်ကူးလေးမို့ပါပထမဦးဆုံးအကြိမ်ရေးခြင်းလည်းဖြစ်ပါတယ် အကောင်းဆုံးကြိုးစားပြီရေးပေးမှာမို့ဖတ်ပေးကြပါဦးနော် ဖတ်ကြည့်လို့မှမကြိုက်ဘူးဆိုရင်ပြောပါ အားမနာနဲ့ရတယ်...