Chapter -19

1K 31 0
                                    

Unicode
————

တကယ်တော့ ကျွန်မနာမည်က ရှန်းချီချီ ဖြစ်ပြီး နာမ်မည်ရ စာရေးဆရာတစ်ယောက် ။ တစ်နေ့ 'ဆုံဆည်းခြင်း ' ဆိုတဲ့ ဝတ္ထုဇာတ်လမ်းရဲ့ဇာတ်သိမ်းပိုင်းကို တင်ပြီး‌တာနဲ့ ဖုန်းဝင်လာတာကြောင့်ကိုင်လိုက်တော့ မောင်ဖြစ်သူရဲ့ လက်ထောက်ဖြစ်နေတယ်လေ ။ အကြောင်းအရင်းကတော့ မောင်လေးကား accident ဖြစ်ပြီးဆေးရုံရောက်နေတယ်ဆိုပြီးပြောလာတာကြောင့် စိတ်ပူပြီး ဆေးရုံကိုအမြန်ထွက်လာခဲ့တယ် ။ ဘယ်သူကကောထင်မှာလဲ လမ်းမှာကား accident ဖြစ်ပြီး သတိမေ့သွားမယ်လို့လေ ။

သူမသတိရလာတော့ မြင်လိုက်ရတာက အနည်းငယ်ရင်းနီးနေတဲ့အခန်းအပြင်အဆင်နဲ့ သူ့ကိုစိတ်ပူစွာကြည့်နေတဲ့ အသက်ကြီးကြီးလူနှစ်ယောက် ပြီးတော့လည်း သူမရှေ့မှာရှိနေတဲ့ခုတင်ပေါ်တွင်လှဲလျောင်းနေတဲ့ ခပ်ငယ်ငယ်ကောင်လေးတစ်ယောက် ။ နောက်သူမလည်းအနီးနားမှာရှိတဲ့ ကိုယ်လုံးပေါ်မှန်ကိုသွားကြည့်လိုက်တော့ အတော်လေးကိုရင်းနီးနေတဲ့မျက်နှာကြောင့် သေချာစဉ်းစားကြည့်တော့မှ သူမကိုယ်တိုင်ဖန်တီးထားတဲ့ဇာတ်ကောင်တစ်ခုရဲ့မျက်နှာနဲ့သွားတူနေတယ်ဆိုတာကိုသိလိုက်ရတယ် ။
အဲ့နောက်ခုတင်ပေါ်မှာလှဲနေတဲ့ကောင်လေးရဲ့မျက်နှာကိုကြည့်လိုက်တော့မှ ထိုကောင်လေးဟာလည်း သူမဖန်တီးထားတဲ့ဇာတ်လမ်းထဲက ဗီလိန်ဇာတ်ကောင်ရဲ့မျက်နှာဖြစ်နေတယ်။ သူမလည်းအချိန်လိုတာကြောင့် အသက်ကြီးကြီးနဲ့လူနှစ်ယောက်ကိုထွက်သွားခိုင်လိုက်ပြီး သေချာပြန်စဉ်းစားကြည့်တော့မှ သူမကိုယ်တိုင်ဖန်တီးထားတဲ့ဝတ္ထုဇာတ်လမ်းထဲကို ဝိညာဉ်ကူးပြောင်းလာတယ်ဆိုတာကိုသိလိုက်ရတယ် ။

ဒါကြောင့် သူမလည်း ဝတ္ထုထဲကအတိုင်းပဲဆက်သွားရန်ဆုံးဖြတ်လိုက်ပြီး မော့မိန်ကျစ်ရဲ့အမူအကျင့်အတိုင်းပဲပြုမူနေထိုင်ပြီး သားချစ်တဲ့အမေအဖြစ်နေလိုက်တယ်။ ဘယ်သူကကောထင်မှာလည်း သားတစ်ဖြစ်လည်း ဗီလိန်က လိမ္မာလာပြီး ဝတ္ထုဇာတ်လမ်းနဲ့တ‌ဖြည်းဖြည်းကွဲထွက်လာလိမ့်မယ်လို့ပေါ့ ။ နောက်တော့ဗီလိန်တင်မဟုတ်ပဲ ဗီလိန်ရဲ့မိသားစုဝင်ဖြစ်တဲ့ အဖိုးဖြစ်သူဟာလည်း ဗီလိန်ဟာသူ့(‌ကျိုးမော့လန်)ရဲ့မြေးဖြစ်မှန်းသိသွားပြီး ‌ဗီလိန်ရဲ့မွေးစားအမေကိုခေါ်တွေ့မယ်လို့ပေါ့ ။ အဲ့တည်းကနေကို ဝတ္ထုဇာတ်ကြောင်းဟာ မူလဇာတ်ကြောင်းနဲ့တော်တော်လေးကိုသွေဖယ်နေပြီဆိုတာကိုသိလိုက်တယ် ။ အဲ့ဒါတင်မကသေးဘူး ဗီလိန်ဟာဆိုရင်လည်း ဇာတ်လိုက်မကိုရှိတယ်လို့ကိုမထင် ။ အရံဇာတ်ကောင်လေးဖြစ်တဲ့ ကျန်းချူယွီကလည်း ဗီလိန်ကိုကြိုက်သွားတဲ့အဖြစ် ။ မူလဇာတ်ကြောင်းမှာဆိုရင် တွေ့ကိုမတွေ့လိုက်ရတဲ့ဇာတ်ကောင်နှစ်ခုက အခုတော့ ရည်းစားစကားလိုက်ပြောတဲ့အဆင့်တွေတောင်ရောက်သွားရတဲ့အဆင့်ထိတောင်ဖြစ်သွားတယ်။

ဝိညာဉ်ကူးပြောင်းပြီး နောက် အမှန်တရား  { Completed  } [ပြန်လည်ပြင်ဆင်နေသည်]Where stories live. Discover now