Unicode
----ဒေါက်!! ဒေါက်!!
" သား မားဝင်ခဲ့မယ်နော် "အခန်းတံခါးကိုခေါက်လို့အသံပေးကာသားဖြစ်သူရဲ့အခန်းထဲကိုဝင်လာလိုက်တော့ မြင်လိုက်ရတဲ့မြင်ကွင်းကကြည်နူးစရာ ဂိမ်းဆော့ရင်းခုတင်အလယ်မှာအပြစ်ကင်းစင်စွာအိပ်ပျော်နေတဲ့ပုံရိပ်လေး ဘေးမှာလဲစားလက်စအာလူးကြော်ထုပ်နဲ့အခြားမုန့်အခွံများ
" အဟက် ဒါကြောင့်ပြန်မဖြေတာကို မဖြစ်သေးပါဘူး ညနေစောင်းနေပြီ နှိုးမှပဲမဟုတ်ရင် ခေါင်းတေကိုက်နေဦးမယ် "
စကားကိုတိုးညင်းစွာပြောရင်းခုတင်ပေါ်တွင်အိပ်ပျော်နေတဲ့လူသားလေးရှိရာဆီသို့လျှောက်သွားလိုက်ရင်း လက်ထဲကဘူးလေးကိုခုတင်ဘေးကစားပွဲပေါ်ကိုတင်လိုက်ကာ အနည်းငယ်လှုပ်နှိုးလိုက်တယ်
" သား...သား ရှောင်ယန် ထတော့လေ ညနေစောင်းနေပြီမအိပ်တော့နဲ့ ထတော့ "
" အင်းး ဟင်းး... ဟီးဟီးး မား... "
သူမနှိုးလိုက်တော့အင်းအဲလုပ်ကာမပွင့်တပွင့်မျက်ဝန်းလေးများနဲ့ကြည့်လာကာ ပြီးမှသွားတန်းလေးတွေပေါ်သည်အထိရီပြလာပြီး 'မား' လို့ခေါ်ကာလူကိုလာဖက်တယ်
ကိုယ်ကမတ်တတ်ရပ်ထားတာဖြစ်တဲ့အတွက် ခါးကနေဖက်တွယ်ထားတဲ့သားဖြစ်သူကရင်ခွင်ထဲမှာကွက်တိ ။ ရင်ခွင်ထဲကသားဖြစ်သူရဲ့ခေါင်းလုံးလုံးလေးကိုပွတ်သပ်ပေးနေလိုက်တယ်
" အဟင်းး မားရဲ့သားလေးကကြည့်ပါဦးချွဲနေလိုက်တာများ "
" ဟီးဟီးး မားကလည်း ကျွန်တော်ကချစ်လို့ချွဲတာလေ "
" ဟုတ်ပါပြီရှင် ဟုတ်ပါပြီ သား ညနေ ၆နာရီလောက်ကျရင် party ပွဲတစ်ခုတတ်စရာရှိတယ် အဲ့ဒါသားလိုက်ခဲ့ရမယ် ရော့ ဒါကဝတ်စုံ ပြီးတော့ လူတစ်ယောက်နဲ့လည်းမိတ်ဆက်ပေးစရာရှိတယ် "
ညနေကျရင် party ပွဲတစ်ခုကိုလိုက်ခဲ့ဖို့ရာပြောရင်းဘေးနားကဝတ်စုံထည့်ထားတဲ့ဘူးလေးကိုပေးလိုက်တယ် ပြီးတာနဲ့အပြင်ကိုပြန်ထွက်လာခဲ့လိုက်တယ်
" ဟုတ် "
ပြောပြီးလက်ထဲကိုဝတ်စုံဘူးပေးပြီးအပြင်ပြန်ထွက်သွားတဲ့ မော့မိန်ကျစ် သူလည်း 'ဟုတ်' ဆိုတဲ့စကားတစ်ခွန်းသာပြန်ပြောလိုက်တယ်
YOU ARE READING
ဝိညာဉ်ကူးပြောင်းပြီး နောက် အမှန်တရား { Completed } [ပြန်လည်ပြင်ဆင်နေသည်]
RomanceUnicode ဇာတ်လမ်းကတော့မပြောပြတော့ပါဘူးနော် ကိုယ့်ဘာသာကိုယ်ပဲဝင်ဖတ်ကြည့်လိုက်ပါ😁😁 ကိုယ်ပိုင်စိတ်ကူးလေးမို့ပါပထမဦးဆုံးအကြိမ်ရေးခြင်းလည်းဖြစ်ပါတယ် အကောင်းဆုံးကြိုးစားပြီရေးပေးမှာမို့ဖတ်ပေးကြပါဦးနော် ဖတ်ကြည့်လို့မှမကြိုက်ဘူးဆိုရင်ပြောပါ အားမနာနဲ့ရတယ်...