Unicode
————ဒေါက်…ဒေါက်
“ ဝင်ခဲ့ပါ ”
ပျောက်ဆုံသွားတဲ့ 'အန်းန' ဆိုတဲ့မိန်းကလေးရဲ့အချက်အလတ်တွေကိုစစ်ဆေးကြည့်နေတုန်း တံခါးခေါက်ကာဝင်ခွင့်တောင်းတာကြောင့်ဝင်ခဲ့ဖို့ပြောလိုက်တယ်
လော့ဟန်လည်းဝင်ခဲ့ဖို့ပြောတာကြောင့်တံခါးဖွင့်ကာဝင်လာလိုက်တော့ ကွန်ပျူတာကိုသဲကြီးမည်းကြီးကြည့်နေတဲ့အလုပ်သရဲဒုရဲအုပ်ကြောင့် အလေးပြုလိုက်တော့ခေါင်းညိတ်ကာအသိအမှတ်ပြုလာတယ်။ဒါကြောင့်သူလည်းလာရင်းကိစ္စကိုပြောရန်ပြင်လိုက်တယ်
“ ဒုရဲအုပ် ဒီမှာပျောက်ဆုံးနေတဲ့ သူတွေရဲအချက်အလတ်တွေပါ ”
“ အင်း…ကျေးဇူးပဲ အားဟန် ”
သူ့ကိုလက်ထဲကဖိုင်တစ်ခုကိုကမ်းပေးလာတာတဲ့ အားဟန်ကြောင့်ကျေးဇူးတင်ကြောင်းပြောလိုက်ကာလက်လွှဲယူလိုက်တယ်
“ ရပါတယ်…ဒါနဲ့နေ့လယ်စာစားချိန်တောင်ရောက်နေပြီလေ သွားမစားသေးဘူးလား? ”
“ အာ…ဟုတ်သားပဲ သွားကြတာပေါ့…ခဏစောင့် ”
“ ဒါဆို ရှောင်ဟွားကိုသွားခေါ်ပြီးစခန်းရှေ့မှာစောင့်နေမယ် ”
“ အင်း အင်း ”
အားဟန်ရဲ့အပြောကြောင့် သူ့လက်ကနာရီကိုငုံ့ကြည့်လိုက်တော့တကယ်ကို ၁၂နာရီထိုးပြီးနေလေပြီ။ဒါကြောင့်သူလည်း လက်ခံလိုက်ကာသွားကြဖို့သဘောတူပြီးခဏလောက်စောင့်ခိုင်းလိုက်တော့ ရှောင်ဟွားကိုသွားခေါ်ပြီးစခန်းရှေ့မှာစောင့်နေမည်ဖြစ်ကြောင်းပြောလာတယ်။သူလည်းလက်ခံလိုက်ရောထွက်သွားတဲ့ အားဟန်
ဒေါက်…ဒေါက်
“ ဝင်လာခဲ့ပါ ”
သူလည်း စုံစမ်းသိရှိထားတဲ့သတင်းအချက်အလတ်တချို့နဲ့ပျောက်ဆုံးနေတဲ့လူတွေရဲ့အချက်အလတ်တွေကိုသေချာသိမ်းဆည်းနေတုန်းနောက်ထပ်တံခါးခေါက်သံတစ်သံကိုကြားလိုက်ရတာကြောင့်ဝင်ခဲ့ဖို့ပြောလိုက်တော့ ဝင်လာကာသူရှိနေတဲ့နေရာနားထိလျှောက်လာပြီးဘာမှမပြောပဲဒီတိုင်းရပ်နေတဲ့လူကြောင့်နောက်လှည့်ကြည့်လိုက်တော့တွေ့လိုက်ရတာက သူ့ကိုသွားတွေအကုန်ပေါ်သည်အထိရယ်ပြနေတဲ့ မျက်နှာရူးတစ်ခန်းလွှတ် ရဲအုပ်ရှန်းလီမင်ဖြစ်နေတာကြောင့် လူကသိပ်ပြီးစိတ်မကြည်ချင်တော့
YOU ARE READING
ဝိညာဉ်ကူးပြောင်းပြီး နောက် အမှန်တရား { Completed } [ပြန်လည်ပြင်ဆင်နေသည်]
RomanceUnicode ဇာတ်လမ်းကတော့မပြောပြတော့ပါဘူးနော် ကိုယ့်ဘာသာကိုယ်ပဲဝင်ဖတ်ကြည့်လိုက်ပါ😁😁 ကိုယ်ပိုင်စိတ်ကူးလေးမို့ပါပထမဦးဆုံးအကြိမ်ရေးခြင်းလည်းဖြစ်ပါတယ် အကောင်းဆုံးကြိုးစားပြီရေးပေးမှာမို့ဖတ်ပေးကြပါဦးနော် ဖတ်ကြည့်လို့မှမကြိုက်ဘူးဆိုရင်ပြောပါ အားမနာနဲ့ရတယ်...