မင်းသခင်ခက်ထန်ဟာ သူ့အမေ ဘေးက Lover seat မှာ မထိုင်ဘဲ Passenger seat မှာသွားထိုင်သည်။
သူကြည့်မရဖြစ်နေတဲ့ ချမ်းဆောင်းဟန် နဲ့ အတူတူ ဘေးချင်းကပ် ကပ်ထိုင်ပြီး အိမ်ပြန်လမ်း တစ်လျှောက်လုံး သူ့ဘေးနားကလူအား မကြည် ကြည့် နဲ့ ကြည့်လိုက်၊ မျက်စောင်းထိုးလိုက် ဖြင့် သူမကျေနပ်ကြောင်းကို ထိုလူအား အပြုအမူဖြင့်ပြသည်။ဒီဘဲ ကို တော်တော် ကြည့်မရ ဖြစ်နေတာ သူ့ကိုယ်သူသာ အသိဆုံး။
ချမ်းဆောင်းဟန်ခမျာ အိမ့်မှူးသခင်နွယ်ကို မြင်မြင်ချင်း သဘောကျသွားပေမယ့် အိမ့်မှူးသခင်နွယ်နဲ့ ဘာတော်မှန်း မသိတဲ့ ကလေးက သူ့ကို မျက်စောင်းထိုးလိုက်၊မကျေမနပ် စိုက်ကြည့်လိုက်နဲ့ ပြုမူနေတာကြောင့် သူလဲ တကယ် အနေရခက်နေမိသည်။
ချမ်းဆောင်းဟန်ဟာ သူကြိုက်နေတဲ့ မမကြီးနဲ့ဘာတော်မှန်း မသိတဲ့ ကလေးလေး ကို မျက်နှာချိုသွေးဖို့ သူရဲ့ သွားတန်းညီညီဖွေးဖွေးကလေးတွေ ပေါ်တဲ့ အထိ သွားဖြဲပြီး ရယ်ပြလိုက်၏ ။
ကလေးက သူ့ကို ဘယ်လို ထင်မြင်သွားလဲ မသိ ။ သူရယ်ပြလိုက်ကာမှ တောက် ထ ခေါက်တော့သည်။ ချမ်းဆောင်းဟန် အနေနဲ့ ဒီလောက် မျက်နှာချိုသွေးနေတာတောင် အဲ့ဒီ ဆရာကြီးStyle နဲ့ ကလေးက အချိုးမပြေတာကြောင့် အဲ့ဒီကလေးကိုတော်တော် ကြည့်မရဖြစ်သွားရသည်။
ဒီစောက်ကလေးက စောက်ကြောတင်းလေး ။သူ့ဘေးက မမကြီးနဲ့အခြေအနေကောင်းမှ ဒီစောက်ကလေးကို ပညာပြဦးမည်လို့ တေး မှတ်ထားသည်။
နှစ်ယောက်အတူတူ စိတ်ထဲကနေ တစ်ယောက်တစ်မျိုးစီ အတွေးလွန်ပြီးတဲ့အခါ အဖြူကောင်ပေါက်လေးက မျက်နှာအနည်းငယ်ပျက်နေတာကို ချမ်းဆောင်းဟန်သတိထားမိသွားသည်။
ထို့အပြင် Driver Seat မှာထိုင်နေတဲ့ အိမ့်မှူးသခင်နွယ်ကလဲ ဘက်မှန်ကနေတစ်ဆင့် သားမျက်နှာပျက်နေတာကို သတိထားမိသွားတာကြောင့် ....
"သားလေး ဘာဖြစ်လို့လဲ "
"မာမီ....သား ရှူးပေါက်ချင်တယ် "
အဖြူကောင်ပေါက်ရဲ့ ပါးစပ်ကနေ Driver Seat မှာထိုင်နေတဲ့ မမကြီးအား မာမီလို့ ခေါ်လိုက်တာကြောင့် ချမ်းဆောင်းဟန် စိတ်ထဲ တစ်မျိုးထင်သွားပေမယ့် သူ့မမကြီး က အသက်အများဆုံးရှိ ၂၂ လောက်ပဲ ရှိဦးမှာဖြစ်တဲ့အတွက်ကြောင့် ကလေးရှိတာတော့ မဖြစ်နိုင်ဘူးဟု သူ ထင်မိသည်။

KAMU SEDANG MEMBACA
Min Tha Khin Khat Htan {S-2} {Completed}
Romansaချိုပြီး မှောင်တာကြောင့် Warning 🚨 ကြိုပေးထားပါတယ်။ 🔞🔞 ရှောင်တဲ့သူ ဆိုရင်တော့ မဖတ်ဖို့ အကြံပြုပါတယ်ရှင်။ Min Thant Ko Ko Maung {S1} ချိုပြီး မှောင်တာကြောင့် Warning 🚨 ကြိုပေးထားပါတယ်။ 18+ ရှောင်တဲ့သူ ဆိုရင်တော့ မဖတ်ဖို့ အကြံပြုပါတယ်ရှင်။ ကလဲ့စ...