{ 67 } Uni

8.3K 563 320
                                    

ချမ်းဆောင်းဟန် စိုင်းဖြိုးကို သေချာစိုက်ကြည့်ပြီး စကားပြောနေတုန်းမှာပဲ သူတို့ရဲ့ အနားကို ခြေသံပြင်းပြင်းနဲ့ ဒေါသတကြီး လမ်းလျှောက်လာတဲ့ သူကြောင့် ချမ်းဆောင်းဟန် စိတ်တွေ တော်တော် မွမ်းကြပ်သွားသည်။

ဒီတစ်ယောက်က သူတွဲသမျှထဲမှာ ဖြတ်ရ အခက်ခဲဆုံး တစ်ယောက်ဆိုလဲ ဟုတ်သည်။သူသဘောကျတဲ့ ရင်သားကြီးကြီးတွေနဲ့ တင်ပါးကြီးကြီးတွေလဲ ရှိသည်။

သို့သော်ဝန်ကြီးချုပ်ရဲ့ သမီး ဖြစ်သည့်အလျှောက် ထက်မြက်ပြီး လှပလွန်းသည့် အပြင် ရာထူးအရှိန်အဝါတွေကြောင့် မာနက လဲ သိပ်ကိုကြီးသည်။

အရာရာပြီးပြည့်စုံသည့်အပြင် ဆွဲဆောင်မှုရှိပြီး လှပတာ မှန်ပေမဲ့  သဝန်အတိုလွန်သောကြောင့် ဖြတ်ခဲ့ခြင်း ဖြစ်သည်။

မင်္ဂလာဆောင်ကြီးကို အသုဘ အဝတ်အစား ဝတ်ပြီး လာထဲကိုက သူမ ဘယ်လောက်တောင် ဒေါသထွက်နေသလဲ ဆို တာ သိသာလွန်းသည်။

ကျောလယ်လောက်အထိ ရှည်တဲ့ ဆံပင်တွေကို အနောက်မှာ စုစည်းထားပြီး နှုတ်ခမ်းနီကို အနီရောင်တောက်တောက်ဆိုးထားသည့်အပြင် ရင်အပြတ်အနက်ရောင် ဂါဝန် အကပ်ကို ဝတ်ထားသည်က သူမရဲ့ ဆွဲဆောင်မှုရှိပြီး ဖွံ့ထွားတဲ့ အရာတွေကို တမင် ဖော်ပြထားသလိုပင် ။

သူမက  ချမ်းဆောင်းဟန် ရဲ့ အနားကို ပိုမို နီးကပ်စွာ လျှောက်သွားတဲ့အခါ ချမ်းဆောင်းဟန် ပါးစပ်ကနေ သူမ နာမည်ကို ရေရွတ်သည်။

"စွဲလန်းလွန်းနေခြည်ဝင့်ဝါသွန်းဖြိုးဖြိုးဝေဝေဆာဆာအောင်"

ချမ်းဆောင်းဟန် ပါးစပ်ကနေ သူမနာမည်ကို ရေရွတ်လိုက်တာနဲ့ သူမက နှုတ်ခမ်း တစ်ဖက်ကိုရွဲ့ပြီး ခနဲ့ သလို ရယ်လိုက်၏ ။

"အဟက် .....မောင် က မှတ်မိသေးတာပဲ "
ကောင်မလေးရဲ့ မျက်နှာက ကျေနပ်မှု လုံးဝမရှိ။ထိုအချိန်က သူမကို ဖြတ်မရတာကြောင့် သူမ အဖေကို အကြပ်အတည်းထဲပို့ပြီး သူမကို ဒီနိုင်ငံက ထွက်သွားရအောင် လုပ်ခဲ့တာ။

ချမ်းဆောင်းဟန်ဆိုတာ အဲ့လို လူပဲ။ကောက်ရိုးမီးနဲ့တူတယ်။သူကြိုက်ပြီဆိုရင်လည်း ဟုန်းဟုန်းတောက်သလို၊ ဖြတ်ချင်ရင်လည်း တိခနဲ ဖြတ်ချထားမျိုး။သူမတောင် ကပ်တွယ်လွန်းလို့ တစ်လလောက်မြဲခဲ့တာ။

Min Tha Khin Khat Htan  {S-2} {Completed}Wo Geschichten leben. Entdecke jetzt