{ 72 } Uni

8.9K 526 248
                                    

ပေါင်ပေါ်မှာ လှဲအိပ်နေတဲ့ မင်းသခင်ခက်ထန် ရဲ့ ခေါင်းလေးကို အနည်းငယ်လက်နဲ့ ပင့်ပြီး ချမ်းဆောင်းဟန် ခန္ဓာကိုယ်ကို ကွေးလိုက်ကာ မင်းသခင်ခက်ထန် ရဲ့ နှုတ်ခမ်းတွေကို အငမ်းမရ နမ်းသည်။ထိုအခါ  မင်းသခင်ခက်ထန်က အတင်းခေါင်းကို ခါပြီး ငြင်းသည်။သို့သော်လည်း ချမ်းဆောင်းဟန်က ဇွတ်နမ်းပစ်သည်။

"ဝူး ဝူး ဟင့် အင့် "

"ပြွတ် ပြွတ် မွ "

"ဟင့်အင်း လုပ်ဝူး ကိုကို လုပ်ဝူး "

မင်းသခင်ခက်ထန် အတင်း အနမ်းခံနေရတဲ့ ကြားကနေ ရသလောက် စကားပြန်ပြောပေမဲ့ ချမ်းဆောင်းဟန် က လက်မခံချေ။

သူကလေး လိုချင်တာ သူကိုယ်တိုင်သာ အသိဆုံးပဲ။
ကလေးလေးတွေ မြင်ရင် အရမ်းချစ်လွန်းလို့  သိသိ မသိသိ ခွင့်တောင်းကာ ကလေးကိုချီပြီး ကလေးတွေ မြှူလေ့ရှိသည်။

ချမ်းဆောင်းဟန်က  လူကြီးတွေနဲ့ ဆို ဘယ်လောက်ပဲ ကြမ်းကြမ်းတမ်းတမ်း နေပါစေ  ကလေးတွေနဲ့ တွေ့ရင် နူးညံ့ချိုသာ လွန်းသည်။

မင်းသခင်ခက်ထန် ဆိုတဲ့ အဖြူရောင်လူသားလေးနဲ့သာ မဆုံတွေ့ဖြစ်ခဲ့ရင် သာမန် မိန်းကလေးတစ်ယောက်နဲ့ ချစ်ကြိုက်ပြီး ကလေးတွေ အများကြီး နဲ့ သာယာတဲ့ မိသားစု ဘဝကို ဖြတ်သန်းမှာပင်။

ကိုယ်ကိုယ်တိုင်က တစ်ဦးတည်းသောသား ဖြစ်သည့်အတွက် ညီအကို မောင်နှမ မရှိတဲ့ ဒဏ်ကို နားလည်တာကြောင့် သူမွေးလာတဲ့ ကလေးတွေကိုလဲ တစ်ဦးတည်းသော တော့ အဖြစ်မခံနိုင်ချေ။

နောက်ပြီးသူက အမြွှာလေးတွေ အင်္ကျီဆင်တူ ဝတ်တာလေးတွေ ၊ ဖိနပ်ဆင်တူ စီးတာလေးတွေ မြင်ရင် အရမ်းအူယားတတ်သူမို့ သူ အကယ်၍များ မိန်းမရရင် အမြွှာလေး မွေးချင်သည်။

"မရဘူး ...အကြီးက လုပ်လို့ ပြောရင် ...မင်း လုပ် ကို လုပ်ရမယ်!!!! "

ချမ်းဆောင်းဟန် စိတ်မရှည်တော့တာကြောင့် မင်းသခင်ခက်ထန်ကို အော်ပစ်လိုက်၏ ။

"ကိုကို ...ကျွန်တော်က စပြီးရင် တော်တော်နဲ့ အဆုံး မသတ်နိုင်ဘူးနော် "

Min Tha Khin Khat Htan  {S-2} {Completed}Tempat cerita menjadi hidup. Temukan sekarang