{ 4 } Uni

21.7K 1.3K 120
                                    

မေရှားခက်ထန် နဲ့ အိမ့်မှူးသခင်နွယ် ကားပေါ်က ဆင်းပြီး ဦးခက်ထန်ကို နှုက်ဆက်ကြပေမယ့် ဦးခက်ထန်ကတော့ ဂရုတောင် မစိုက်။သူ့အာရုံထဲရှိတာ သူ့မြေး တစ်ယောက်ပဲ ရှိသည်။

"Daddy! "

"အိမ်ထဲ မခေါ်ဘူးလား"

"Daddy က ကလေးဆီ လာလည်တာလား ...သားဆီကို လာလည်တာလား"

"ငါ့မြေးဆီ လာလည်တာ"

"Daddy ကတော့လေ "

မေရှားခက်ထန်ရယ်လျက် ခြံအရှေ့က eye scan နေရာလေးမှာ မတ်တပ် ရပ်လိုက်တာနဲ့ ခြံတံခါးက အလိုအလျှောက် ပွင့်သွားသည်။

ခြံတံခါး ပွင့်သွားတာနဲ့  ဦးခက်ထန် ဘယ်သူ့ကို မှ လှည့်မကြည့်ဘဲ သူ့မြေးကိုချီလျှက် အိမ်ထဲကို တန်းဝင်သွားလိုက်သည်။

အိမ်ထဲ ရောက်တာနဲ့ ဧည့်ခန်းက ဆိုဖာပေါ်မှာ လှဲ အိပ်ချလိုက်ပြီး သူ့မြေးလေးကို သူ့ရင်ဘက်ပေါ်မှာ ထားကာ ဖက်သိပ်သည်။
သူ့လက်တွေက ကြမ်းတမ်းလွန်းတာမို့ ကလေးရဲ့ အသားတွေကို ကြမ်းကြမ်းတမ်းတမ်းတောင် မထိတွေ့ရက်ဘူး။

ဦးခက်ထန် အခုတစ်လော အလုပ်က အရမ်းပင်ပန်းလွန်းသည်။ပြိုင်ဘက်ဂိုဏ်းတွေက သူ့ရဲ့ အမွေဆက်ခံခြင်းမရှိတဲ့ ခက်ထန်ဂိုဏ်းကို မျက်စိ ကျနေကြသည်။ သူ အရမ်းကို တားဆီးနိုင်လွန်းလို့ ၊သူရှိနေလို့သာ တော်တော့သည်။ ကလေးက ၁၀နှစ်ဆိုပေမဲ့ သူ့အမွေကို ဆက်ခံဖို့ အခုချိန်ထဲက သင်ကြားပြသထားရင် နောင်တစ်ချိန်မှာ အဆင်ပြေချောမွေ့သွားလိမ့်မည်။

အခုလာရသည့် ရည်ရွယ်ချက်ကလဲ သူရဲ့  အမွေဆက်ခံနိုင်ရန် လေ့ကျင့်သင်ကြားပေးချင်တာကြောင့် လာရောက်ခေါ်ယူခြင်း ဖြစ်သည်။မြေးနဲ့ အနီးကပ် ထိတွေ့ကြည့်တဲ့အခါ မြေးရဲ့ အသားအရည်လေးဟာ နူးနူးညံ့ညံ့လေး ဖြစ်နေတာကြောင့် သူ့လောကထဲ မခေါ်သွင်းရက်တော့ဘူး။မြေးရဲ့ ခန္ဓာကိုယ်က ဘယ်လောက်ပဲ နူးညံ့နေပါစေ၊မြေးရဲ့ စိတ်ဓာတ်ကတော့ မာကျောသည်။

သမီးဖြစ်သူ မေရှားခက်ထန်က ဘယ်လောက်ပဲ သန်မာနေပါစေ၊ သူ့ရဲ့ သမီးလေးက မိန်းကလေးဖြစ်နေတာကြောင့် သူ့သမီးလေးကို စိတ်ပူမိပေမယ့် အခု မြေးဖြစ်သူက ယောက်ျားလေး ဖြစ်နေတာကြောင့် သူ့အတွက်လဲ အားအင်ဖြစ်စေသည်။နောက်တစ်ချက်က မြေးလေး ကို သိပ်ချစ်လွန်းလို့ သူ့အနားမှာ ခေါ်ထားချင်တာလဲ ပါသည်။

Min Tha Khin Khat Htan  {S-2} {Completed}Where stories live. Discover now