တူညီဝတ်စုံ ဝတ်ဆင်ထားပြီး အရပ်မတိမ်းမယိမ်းလေးကွာတဲ့ အမျိုးသား နှစ်ဦးမှာ တစ်ဦးက အလျှင်စလို နဲ့ လက်ကို ဆွဲပြီး အလျှင်အမြန်လျှောက်နေသလောက် နောက်တစ်ယောက်ကတော့ ပုဆိုးကျွတ်ခါနီး ဖြစ်နေတာကြောင့် ပုဆိုးခါးပုံစ လေးကို ကပိုကရို လေး ကိုင်ရင်း ဆွဲခေါ်ရာနောက် ဘီးလုံးလေးလို ပါသွားလေသည်။
အိမ်သာထဲမှာလဲ လူရှင်းနေတာကြောင့် အခန်းတွေ အများကြီး ရှိတဲ့ အထဲက မှ ချမ်းဆောင်းဟန် နောက်ဆုံး အိမ်သာထဲ ဝင်ပြီး အခန်းထဲ ရောက်တာနဲ့ တံခါးကို လော့ချလိုက်၏။
ချမ်းဆောင်းဟန် လုပ်သမျှကို ပုဆိုးခါးပုံစလေး ကိုင်ရင်း မျက်တောင်လေး ပုတ်ခတ် ပုတ်ခတ် ကြည့်နေသူလေးရဲ့ ပုဆိုး ကို ချမ်းဆောင်းဟန် အရင်ဆုံး ပြန်ပြင် ဝတ်ပေးရင်း ချမ်းဆောင်းဟန် သွားတန်းဖြူဖြူလေးတွေ ပေါ်အောင် ရယ်လိုက်သည်......
"ကိုယ့်ကလေးလေးက ပုဆိုးတောင် မနိုင်ဘူးပဲ"
မင်းသခင်ခက်ထန် ဘာမှ ပြန်မပြောဘဲ ပြုံးသာ ပြုံးပြသည်။
ချမ်းဆောင်းဟန် မင်းသခင်ခက်ထန်ရဲ့ ပုဆိုးစနှစ်ဖက်ကို ကိုင်လိုက်ရင်း ....
"ကိုကို ကလေးရဲ့ ပုဆိုးကို ချည်ပေးမယ်"
"ဟင့်အင်း ချည်ပြီး မဝတ်ချင်ဘူး"
"အဲ့ဒါဆို ကျွတ်ကျတော့မယ်ဆို ကိုကို့ကို ပြော.. ကိုကို ပြန်ဝတ်ပေးမယ်"
"ဟုတ် ကိုကို ~~~~~~"
ချမ်းဆောင်းဟန် မင်းသခင်ခက်ထန်ရဲ့ ပုဆိုးစ နှစ်ဖက်ကို ကိုင်ပြီး ကျွတ်ကျမှာ စိုးရိမ်တာကြောင့် ချည်ပေးမယ် ဆိုပေမဲ့ အဲ့လို ကြီး မဝတ်ချင်သူကြောင့် ပုဆိုးကို ခိုင်အောင် ဝတ်ပေးရတော့သည်။
မင်းသခင်ခက်ထန် ပြန်ဖြေတာလေးက တိုးတိုးလေးနဲ့ ချွဲသံလေး ပါနေတာကြောင့် ချမ်းဆောင်းဟန် အသည်းတယားယား ပိုဖြစ်လာတာကြောင့် ဒီထဲကို ဝင်လာတဲ့ အဓိက အကြောင်းအရင်း အကောင်အထည်ဖော်ဖို့ ကြိုးစားတော့သည်။
မင်းသခင်ခက်ထန်ရဲ့ ကျောပြင်ကို နံရံနဲ့ ကပ်ပြီး အားရပါးရ ပါးအိအိလေးထဲ နှာခေါင်းကြီး ကျွံဝင်သွားတဲ့ အထိ နမ်းချင်ပေမဲ့ အဖြူဝတ်ထားသူမို့ နံရံက ဆေးရောင်တွေနဲ့ အရောင်ထင်မှာ စိုးရိမ်တာကြောင့် မင်းသခင်ခက်ထန် ရဲ့ ပါးနှစ်ဖက်ကို ချမ်းဆောင်းဟန်ရဲ့ လက်ဖဝါးအကြီးကြီးတွေနဲ့ အုပ်ကိုင်လိုက်၏ ။

ESTÁS LEYENDO
Min Tha Khin Khat Htan {S-2} {Completed}
Romanceချိုပြီး မှောင်တာကြောင့် Warning 🚨 ကြိုပေးထားပါတယ်။ 🔞🔞 ရှောင်တဲ့သူ ဆိုရင်တော့ မဖတ်ဖို့ အကြံပြုပါတယ်ရှင်။ Min Thant Ko Ko Maung {S1} ချိုပြီး မှောင်တာကြောင့် Warning 🚨 ကြိုပေးထားပါတယ်။ 18+ ရှောင်တဲ့သူ ဆိုရင်တော့ မဖတ်ဖို့ အကြံပြုပါတယ်ရှင်။ ကလဲ့စ...