{ 27 } Uni

14.6K 926 143
                                    

"မင်းတို့ နှစ်ကောင်လုံး ငါ့မျက်စိရှေ့ ဘယ်တော့မှ ပေါ်မလာနဲ့!!!"

ဆေးရုံကုတင်ပေါ်က ဇိုးဇွယ်ကို ကြည့်ရင်း ဒေါသတကြီးဖြင့် ချမ်းဆောင်းဟန် အော်လာသော်လည်း သူ့မျက်နှာအား မကြည့်တာကြောင့် မင်းသခင်ခက်ထန် စိတ်မကောင်းဖြစ်ရသည်။ကိုကိုက သူ့ညီဆီကိုပဲ အကြည့်က ပို့ထားသည်။

"ခေါင်းကို ငုံ့မထားနဲ့ ...ကျွန်တော့်မျက်နှာကို သေချာကြည့်ပြီးဖြေ....  အဲ့လိုဆို ကိုကို ပျော်မှာလား"

မင်းသခင်ခက်ထန်ရဲ့ မျက်လုံးမိုးပြာရင့်ရောင်လေးတွေက အရင်လို တောက်ပမနေဘဲ စိတ်မကောင်းဖြစ်နေသည်က  မျက်လုံးချင်းဆုံတဲ့အခါ သေချာမြင်ရသည်။ထိုအခါ ချမ်းဆောင်းဟန်ကိုယ်တိုင်လဲ ပူပန်မိသည်။
သို့ပေမဲ့ သူ့စိတ်ကို သူထိန်းချုပ်လျက်...

"ငါ မင်းကို မုန်းလဲမုန်းတယ် ...ရွံလည်းရွံတယ်... ငါတို့ရဲ့ တွေ့ဆုံမှုက အဆိပ်ပဲ"

"ပြွတ်!"

မင်းသခင်ခက်ထန် အစက စိတ်ထိန်းထားပေမဲ့ သူ့ကိုစိုက်ကြည့်ပြီး ပြတ်ပြတ်သားသား စကားဆိုနေတဲ့ ချမ်းဆောင်းဟန်ကို အသည်းယားလာတာကြောင့် ချမ်းဆောင်းဟန်ရဲ့ နှုတ်ခမ်းပါးလေးကို ရုတ်တရက် စုပ်ယူနမ်းရှိုက်လိုက်၏ ။

ချမ်းဆောင်းဟန် တကယ်ကို ဒီကလေးအား စိတ်ပျက်မိသည်။သတိမရသေးတဲ့သူ့ညီရော  ၊ ထန်ထန်ရဲ့ သူငယ်ချင်းရော ရှိနေသည့်အတွက် သူ ရှက်လဲ ရှက်သဖြင့် ရောင်နေတဲ့မင်းသခင်ခက်ထန်ရဲ့ ပါးအား လက်သီးဖြင့် ပြင်းပြင်းတစ်ချက်ထိုးသည်။

"ခွပ်!  ငါ မင်းကို ရွံတယ်လို့ ပြောထားပြီးသား ...ငါ့အသားကို လာမထိ နဲ့ "

"ကိုကို ရွံပေမယ့် ကျွန်တော် မရွံဘူးလေ... ကျွန်တော်က ပိုပိုပြီးတောင် အပိုင်လိုချင်လာသေးတယ် ကိုကို့ ကို "

"မင်းသခင်ခက်ထန်!  မင်းသေချာမှတ်ထား ..မင်းဘယ်တော့မှ ငါ့ကို ပိုင်ဆိုင်မှာမဟုတ်ဘူး"

"အနုနည်းနဲ့ မရရင် အကြမ်းနည်းနဲ့ ရအောင်ယူပြမယ်... အခုတော့ ကိုကိုလဲ စိတ်ဆင်းရဲနေမှာသိနေလို့ ခွင့်ပြုပါဦး"

Min Tha Khin Khat Htan  {S-2} {Completed}Where stories live. Discover now