ကလေး ၁၀ ယောက်လုံးလက်မှာ လက်ပတ်ကလေးတွေနဲ့ နံပါတ်အစဥ်လိုက်တပ်ထားကာ အစဥ်လိုက်လေး တန်းစီပြီး ကုတင်ပေါ်လေးမှာ ထားသည်။
မေရှားခက်ထန် နဲ့ အိမ့်မှူးသခင်နွယ်ကတော့ ဖုန်းထဲမှာ ဆင်တူWallpaper ထား ထားသော မင်းသခင်ခက်ထန် မွေးကားစတုန်းက ပုံလေးကို ကြည့်လိုက်၊ ကလေးဆယ်ယောက်လုံးရဲ့ မျက်နှာသေးသေးလေးတွေကို ကြည့်လိုက် နဲ့ အပြန်အလှန် ယှဥ်ကြည့်ရင်း တူလွန်းတာကြောင့် ချမ်းဆောင်းဟန်ကို Printer စက်ကြီးလို့ပင် နာမည်ပြောင် ပေးကာ ပျော်ပျော် ရွှင်ရွှင် စ နောက် နေကြပါသော်လည်း မင်းသခင်ခက်ထန်ကတော့ သတိပြန်မရသေးတဲ့ ချမ်းဆောင်းဟန် မျက်နှာကို တစိမ့်စိမ့်ကြည့်ကာ မျက်ရည်လေးတွေ ဝဲနေ ရှာသည်။
သူ့လို လူသတ်ရင်တောင် အစိတ်စိတ်အမွှာမွှာလုပ်ပြီး သတ်တဲ့ သူက ချမ်းဆောင်းဟန်ရဲ့ ဗိုက်ကို ဓားသွားတစ်ချက် ခွဲလိုက်တိုင်း ဗိုက်အသားလွှာတွေ အဆင့်ဆင့်ကို ဓားနဲ့ ခွဲ လိုက်တိုင်း ကြောက်နေမိသည်။
ကတ်ကြေးတွေနဲ့ ဝမ်းဗိုက်သားကို ညှပ်တာ မြင်တော့ သူ့အမေလက်ကို တင်းတင်း ဆုပ်ကိုင်မိသည်။
စိတ်မချလွန်းလို့သာ ခွဲစိတ်မှုကို အသေးစိတ်ထိုင်ကြည့်နေပေမဲ့ ညှပ်တွေသုံးပြီး ကလေးတစ်ယောက်ချင်းစီကို ဆွဲထုတ်တိုင်း ထွက်လာတဲ့သွေးတွေကို ပြန်ပြန်စုပ်ထုတ်နေပေမဲ့ သွေးတွေ ရဲနေတဲ့ ဝမ်းဗိုက်သားကို ကြည့်ပြီး ရင်ထဲ မချိမဆန့် ခံစားရသည်။
ထုံဆေးအရှိန်ကြောင့်သာ ကိုကိုက ဘာမှ သေသေချာချာ မခံစား ရပေမဲ့ မြင်နေရတဲ့ သူ့အတွက်က အရှင်လတ်လတ် ငရဲ ကျနေသလိုပင်။
တစ်ယောက်တည်းမွေးတာ မဟုတ်သည့်အပြင် ၁၀ ယောက်မွေးတာ ဖြစ်သည့်အတွက် သာမန်ထက်ပိုပြီး မွေးရခက်ခဲသည်။ ထို့အပြင် မွေးချိန်ကလဲ ပိုကြာတာကြောင့် ကိုကို့ကို စိုးရိမ်စိတ်တို့က ပိုတိုးပွားလာသည်။
ချက်ကြိုးတွေ ယှက်နွယ်နေပြီး အနေအထားမျိုးစုံနဲ့ တည်ရှိနေတဲ့ ကလေးတွေက အသက်ရှင်နေတယ်ဆိုတာ တကယ်အံ့သြဖို့ကောင်းလွန်းသည်။
![](https://img.wattpad.com/cover/325845516-288-k21078.jpg)
VOCÊ ESTÁ LENDO
Min Tha Khin Khat Htan {S-2} {Completed}
Romanceချိုပြီး မှောင်တာကြောင့် Warning 🚨 ကြိုပေးထားပါတယ်။ 🔞🔞 ရှောင်တဲ့သူ ဆိုရင်တော့ မဖတ်ဖို့ အကြံပြုပါတယ်ရှင်။ Min Thant Ko Ko Maung {S1} ချိုပြီး မှောင်တာကြောင့် Warning 🚨 ကြိုပေးထားပါတယ်။ 18+ ရှောင်တဲ့သူ ဆိုရင်တော့ မဖတ်ဖို့ အကြံပြုပါတယ်ရှင်။ ကလဲ့စ...