မနက် ၃ နာရီထိုးကြီး ခြံတံခါးရှေ့က ဆက်တိုက် Bell တီးသံတွေကြောင့် မင်းသန့်ကိုကိုမောင် မောင့်အား ဖက်အိပ်နေရင်း နိုးသွားပြီးနောက် ခြံရှေ့က CCTVကို ကြည့်ရန် ဖုန်းအား လှမ်းယူလိုက်၏ ။ထိုအခါ မင်းသန့်ကိုကိုမောင်က လှုပ်လှုပ်ရှားရှားဖြစ်နေတာကြောင့် မောင်ပါ နိုးလာသည်။
"ကိုကို ဘာဖြစ်လို့လဲ "
အိပ်ချင်မူးတူး မျက်လုံးမပွင့်တစ်ပွင့်လေးဖြင့် စိတ်မချသလိုမေးနေတဲ့ မောင့်အားကျောလေးကို ပြန်ပုတ်ပြီး သိပ်လိုက်၏ ။
"Baby ဆက်အိပ်... ညကBaby သိပ်မအိပ်ရသေးဘူးလေ ...ကိုကို့သား ရောက်နေတာ"
"သားသား ရောက်နေတာလား"
"အွန်း ...ဒီမှာလေ"
မင်းသန့်ကိုကိုမောင် ဖုန်းScreen ကနေတစ်ဆင့် ခြံရှေ့CCTV ရှေ့မှာ လက်တစ်ဖက်က ဆေးလိပ်သောက်ပြီး နောက်လက်တစ်ဖက်က bellကို ဆက်တိုက် နှိပ်နေတဲ့ သား ကို မောင့်အား ပြလိုက်၏ ။
"ကလေးတော့ အေးနေတော့မှာပဲ ...ဘောင်းဘီအတိုကြီးနဲ့ စောင်တစ်ထည်ယူသွားဦး ကိုကို"
"အွန်း... ပြွတ်! ကိုကို ခဏ ဆင်းလိုက်ဦးမယ်နော်"
မောင့်ရဲ့ နှုတ်ခမ်းလေးကို မင်းသန့်ကိုကိုမောင် နမ်းလိုက်၏ ။ထို့နောက် မောင်ပေးတဲ့ စောင်လေး ကို ယူကာ ခြံတံခါး သွားဖွင့်ပေးလိုက်တာနဲ့ တစ်ပြိုင်နက် သားက ဆေးလိပ်ကို ချက်ချင်း ပစ်ချလိုက်ပြီး သူ့ရဲ့ Yamaha YZF-R6 Black ဆိုင်ကယ်ပေါ် ခွလိုက်ပြီး ဘာစကားမှတောင် မပြောဘဲ Car Parking မှာ ဆိုင်ကယ်ကို သွားထိုးရပ်သည်။
ခြံထဲက မီးအလင်းရောင် ဖျဖျ လေးအောက်မှာ သားရဲ့ အသားအရည်တွေက ဖြူဖွေးစွတ်လို့ နေပေမဲ့ လက်ရာတွေ ဗလပွ နဲ့ သားရဲ့ ခြေထောက်တွေကို မြင်လိုက်ရတာကြောင့် မင်းသန့်ကိုကိုမောင် စိတ်ပူသွားသည်။
အတွေ့အကြုံရှိသူပီပီ ဒါက ဘာကြောင့်ဆိုတာ သူ သိပြီးသားပဲ။
ဆိုင်ကယ်သော့ကို ဖြုတ်နေတဲ့ မင်းသခင်ခက်ထန်ရဲ့ အနောက်ကနေ မင်းသန့်ကိုကိုမောင် အခြေအနေ ကို စောင်ကြီး ကိုင်ရင်း လက်ပိုက်ကြည့်နေလိုက်၏ ။
YOU ARE READING
Min Tha Khin Khat Htan {S-2} {Completed}
Romanceချိုပြီး မှောင်တာကြောင့် Warning 🚨 ကြိုပေးထားပါတယ်။ 🔞🔞 ရှောင်တဲ့သူ ဆိုရင်တော့ မဖတ်ဖို့ အကြံပြုပါတယ်ရှင်။ Min Thant Ko Ko Maung {S1} ချိုပြီး မှောင်တာကြောင့် Warning 🚨 ကြိုပေးထားပါတယ်။ 18+ ရှောင်တဲ့သူ ဆိုရင်တော့ မဖတ်ဖို့ အကြံပြုပါတယ်ရှင်။ ကလဲ့စ...