{ 31 } Uni

15.5K 1K 376
                                    


ချမ်းဆောင်းဟန် နဲ့ ဝေးကွာခဲ့ပြီး ၁နှစ်အတွင်းမှာ ထန်ထန်ရဲ့ အရပ် က ၁လက်မလောက်ထပ်ရှည်လာကာ အရပ်က ၆ ပေ ၄ လက်မဖြစ်သွားပြီး Model တစ်ယောက်လို အချိုးအစားရှိရုံသာမက ငယ်ငယ်ကတည်းက Chemical အထိများထားလို့ ဘယ်တော့မှ ဆံပင်အမဲ ပြန်မပေါက်နိုင်တော့တဲ့ မင်းသခင်ခက်ထန်က ဘယ်ပဲသွားသွား လူကြားထဲမှာ ထင်းနေပြီး ကြည့်ကောင်းနေတာကြောင့် သူ့အဘိုးမသိအောင် ဂိုဏ်းထဲက ခိုးခိုးထွက်လဲ သူ့ရဲ့ထူးခြားတဲ့ ရုပ်သွင်ပြင်ကြောင့် အမြဲ ပြန်ပြန်မိသည်။

မင်းသခင်ခက်ထန် အသက် ၁၈ နှစ် ပြည့်တဲ့ ညက သူ့အဘိုး မသိအောင် ခိုးပြီး မြန်မာနိုင်ငံလာဖို့ လုပ်ပေမဲ့ မအောင်မြင်ပဲ ပြန်အဖမ်းခံလိုက်ရသည်။

လေဆိပ် ဝင်ပေါက်လေး ရောက်ရုံရှိသေးသော်လည်း အဘိုးရဲ့ တပည့်တွေ က မေ့ဆေးပေးပြီး ဖမ်းခေါ်လာကြပြန်သည်။

မင်းသခင်ခက်ထန် ကိုကို့ ဆီကို သွားချင်ပေမယ့် တကယ်တမ်း ရောက်နေတာက သူ့အဘိုးရဲ့ ငရဲခန်း။

တစ်ခန်းလုံးက မဲမှောင်နေပြီး မီးရောင် ဝါကျင့်ကျင့်လေးပဲ ထွန်းထားရုံသာမက အခန်း တစ်ခန်းလုံးမှာလဲ လူသေအလောင်းတွေကို ချိတ်ဆွဲထားသည်။ယခုကတော်သေးသည်။တစ်ခါတလေ သူကိုကို့ကို တွေ့ချင်စိတ်နဲ့ ထွက်ပြေးပြီး ပြန်အဖမ်းခံရပြီဆို သူ့အား အလုံပိတ်ခန်းထဲထည့်ထားပြီး လူသေအလောင်းအပုပ်တွေကြားထဲမှာ သူ့ကို အပြစ်ပေးတဲ့အနေနဲ့ နှစ်ဆယ့်လေးနာရီလုံး ဘာအစားမှ မပေးဘဲ ဖမ်းထားသည်။

အဘိုးကထန်ထန့်ကို ချစ်ပေမယ့် လေ့ကျင့်ရေးနဲ့ ပတ်သက်လာရင် စည်းကမ်းတင်းကျပ်သည်။သုံးနှစ်မပြည့်မချင်း ဒီဒဏ်တွေက ခံရဦးမှာပင်။

မင်းသခင်ခက်ထန် သတိရလာတာနဲ့ အပုပ်နံ့ကိုရသည့်အပြင် မျက်စိတည့်တည့်က မြင်နေရတဲ့ ဇောက်ထိုး ချိတ်ဆွဲထားတဲ့ အလောင်းကောင်ကြောင့် သူ့အဘိုးအခန်းထဲ ရောက်နေမှန်း သိလိုက်ရသည်။

အလောင်းကောင်တွေ၊ သရဲရုပ်တွေနဲ့ ထန်ထန့်ရဲ့ အဘိုးက ခြောက်ပါများတော့လည်း ထန်ထန် သရဲ ကြောက်စိတ် မရှိတော့ပေ။

Min Tha Khin Khat Htan  {S-2} {Completed}Opowieści tętniące życiem. Odkryj je teraz