{ 60 } Uni

8.9K 583 147
                                    

မင်းသခင်ခက်ထန် ဆီမှ ကြားရတဲ့ အဖြေစကားကြောင့် အစကတည်းက စိတ်ပူနေတဲ့ စိုင်းဖြိုးက တော်တော်လေး စိတ်မကောင်းဖြစ်သွားသည်။

မင်းသခင်ခက်ထန်အနေနဲ့ ချမ်းဆောင်းဟန် ကို ဘယ်လောက်အထိ ချစ်ပြီး စွဲလန်းနေလဲ သူအသိဆုံးပဲ ။ မင်းသခင်ခက်ထန်ကို သူ့အဖိုးက ချမ်းဆောင်းဟန်အား ချစ်လား မေးရင် မင်းသခင်ခက်ထန် ပြောတာ မသိဘူးပဲ။

ဒီကောင်က အချစ်ဆိုတာကို မသိတာလဲ ဖြစ်နိုင်သလို၊
ဒီကောင်က စွဲလန်းတာနဲ့ ချစ်တာကို မခွဲခြား နိုင်တာ လဲ ဖြစ်နိုင်သည်။
သို့ပေမဲ့ ဘေးလူတွေ အမြင်နဲ့ ဆို မင်းသခင်ခက်ထန်ရဲ့ စိတ်တွေ အကုန်လုံးကို ချမ်းဆောင်းဟန် တစ်ယောက်တည်းကသာ စိုးမိုးနိုင်သည်။

မင်းသခင်ခက်ထန်က အနေအေးပြီး ရက်စက်သလောက် ချမ်းဆောင်းဟန် အရှေ့မှာဆို ခွေးပေါက်ကလေးတွေ ကြောင်ပေါက်ကလေးတွေလို ချစ်စရာကောင်းအောင်နေတတ်လွန်းသည်။

ပါးစပ်ကသာ မသိဘူး မသိဘူး ပြောပေမဲ့ မင်းသခင်ခက်ထန်ရဲ့ ဘယ်သူမှ ဝင်ခွင့်မရှိတဲ့ လျှို့ဝှက်အခန်းထဲမှာ ချမ်းဆောင်းဟန်ရဲ့ ဓာတ်ပုံတွေကို အခန်းပြည့် ကပ်ထားတာက ရူးသွပ်မှူလား၊ အချစ်လား မသဲကွဲပေမဲ့ အိမ်မက်ယောင်တိုင်း "ကိုကို့ ကို လွမ်းတယ် ၊ ကိုကို့ ကို သတိရတယ် " ဆိုပြီး ရေရွတ်ပြီး  ငိုတဲ့ ရက်တွေကလဲ ဆက်တိုက် ငရဲ ကျနေတဲ့ လူတစ်ယောက်လိုပဲ။

လွန်ခဲ့တဲ့ သုံးနှစ်လောက်ကတည်းကိုက ခွဲခွာခါနီး တခြားအရာတွေ သိမ်းလို့ ရရဲ့သားနဲ့ ဆီးခုံမွှေးတွေကိုမှ သိမ်းပြီး ဘယ်သွားသွား အိတ်ဆောင် ယူသွားတဲ့ အပြင် အဲ့ အမွှေးတွေကို တယုတယ ကိုင်ပြီး ခေါင်းလျှော်ရည်တွေ နဲ့ လျှော်လိုက် ဘီးနဲ့ ဖြီးလိုက် နဲ့ အလုပ်အားတိုင်း လုပ်ခြင်းက မင်းသခင်ခက်ထန်ရဲ့ အပြုံးပျော်ဆုံး အလုပ်တစ်ခုပင် ။

အစက ဖြောင့်နေတာကြောင့် ဆံပင်မွှေးလို့ ထင်ပေမဲ့ ဖြောင့်စက် မဆွဲတဲ့ နေ့ဆို အဲ့အမွှေးလေးတွေက အနည်းငယ်  ကောက်နေတာကြောင့် မင်းသခင်ခက်ထန် ကို သေချာအောင် မေးကြည့်ကာမှ......
ချမ်းဆောင်းဟန် ရဲ့ ဆီးခုံမွှေးမှန်း သိလာရသည်။

Min Tha Khin Khat Htan  {S-2} {Completed}Dove le storie prendono vita. Scoprilo ora