{ 42 } Uni

13.7K 846 407
                                    

မင်းသခင်ခက်ထန်ကို ချမ်းဆောင်းဟန်ကုတင်ပေါ်တင်ပေးလိုက်ပြီး pajama အနက်ရောင်လေးကို ဝတ်ပေးကာ သူလဲ ဆင်တူ ဝတ်လိုက်၏ ။

ထိုအခါ မင်းသခင်ခက်ထန်ရဲ့ အရပ်က သူ့ထက် ၂ လက်မလောက် ပိုရှည်နေတာကြောင့် ဘောင်းဘီက ခြေမျက်စိအပေါ်တက်နေသဖြင့်....

"ကိုကို့ ကလေးလေးက အရပ် တော်တော် ရှည်လာတာပဲ "

"နှစ်လက်မ"

မျက်လုံးဝိုင်းလေးတွေဖြင့် သူ့အား ပြန်ဖြေလာတဲ့ မင်းသခင်ခက်ထန်ရဲ့ မျက်နှာရဲရဲလေးက ချစ်စရာကောင်းသည်။ချမ်းဆောင်းဟန် သူ့အရှေ့က ပက်လက်ကလေးဖြစ်နေပြီး နားရွက်လေးတွေ ပါးလေးတွေ ရဲနေတဲ့ မင်းသခင်ခက်ထန်ကို အသဲယားလွန်းသဖြင့် ပါးလေးကို နှာခေါင်းနစ်ဝင်သွားတဲ့ အထိ နမ်းလိုက်ပြီးနောက်...

"ချစ်လား ကိုကို့ ကို"

ချမ်းဆောင်းဟန် သူ့ရဲ့ ခန္ဓာကိုယ်ကို အနည်းငယ်ပိုကုန်းလိုက်ပြီး မင်းသခင်ခက်ထန်ရဲ့ နားအနားကို တိုးတိုးလေး ကပ်ကာ မေးရုံသာမက နားထဲကိုပါ လေမှုတ်လိုက်တာကြောင့် မင်းသခင်ခက်ထန် ရဲ့ နားလေးတွေက ပိုရဲလာသည်။

မင်းသခင်ခက်ထန်ခမျာ ရှက်လွန်းလို့ ခါးပေါ်က စောင်ကို ခေါင်းအထိ ခြုံလိုက်တဲ့အခါ
ဒီအခိုက်တန့်လေးကို ချမ်းဆောင်းဟန် ရပ်တန့်ထားချင်မိသည်။

ကလေးက တစ်ခါတစ်လေ အရမ်းရှက်တတ်တာပဲ။

"ကိုကို့ ကို မျက်နှာလေး ပြပါဦး... ကလေးလေး"

"ရှက်တယ်လို့..
"

"မရှက်ပါနဲ့ကလေးလေးကလဲ "

"ဟင့်အင်း  ရှက်တယ်"

"အား...အူယားလာပြီ ဒီကလေးလေးကို"

"ကိုကို ရေ ဗိုက်ဆာနေပြီ"

"အာဘွားပေး ကိုကို့ကို ...သွားပြုတ်ပေးမယ်"

မင်းသခင်ခက်ထန် စောင်လေးကို လည်ပင်းအထိ  ဖယ်ချပြီး သူ့မျက်နှာနဲ့ အနီးကပ် ဖြစ်နေတဲ့ ချမ်းဆောင်းဟန်ရဲ့ ပါးလေး ကို ရွှတ်ခနဲ တစ်ချက် နမ်းလိုက်၏ ။

ထိုမှသာ ချမ်းဆောင်းဟန် အနမ်းခံလိုက်ရတာကြောင့် မျက်နှာက ပြုံးစိစိ ဖြစ်သွားပြီး မျက်နှာမှာစောင်မရှိတော့တဲ့ မင်းသခင်ခက်ထန်ရဲ့ မျက်နှာတစ်ပြင်လုံးကို နေရာလပ် မကျန်အောင် နမ်းပြီး မှ ခေါက်ဆွဲပြုတ်ဖို့ ကုတင်ပေါ်ကနေ ထ သွားတော့သည်။

Min Tha Khin Khat Htan  {S-2} {Completed}Onde histórias criam vida. Descubra agora