{ 17 } Uni

17K 1K 141
                                    

"ဘာလိုအပ်သေးလဲ"

"အကိုက်ခဲပျောက်ဆေးရယ် ၊အမာရွတ်ပျောက်ဆေးရယ်၊ အနာလိမ်းဆေးရယ်၊ ဖြစ်နိုင်ရင် လက်သည်းဆိပ်တက်တာ ပျောက်တဲ့ဆေးပါ ရှိရင် ဝယ်ခဲ့ ။ ကွန်ဒုံးကို များများဝယ် Lubricant လဲ များများဝယ်"

"ဟုတ်ကဲ့ပါ ခေါင်းဆောင်"

စိုင်းဖြိုး မင်းသခင်ခက်ထန်ရဲ့ ဆံပင်ကို ကောက်ပေးရင်း နဲ့ပဲ အမိန့်ကို နာခံသည်။

သူ့စိတ်ထဲမှာ မေးချင်နေတဲ့ မေးခွန်းတွေ အများကြီးရှိနေပေမဲ့ ဒေါသအိုးက မလိုအပ်ဘဲ အရမ်းမေးရင် မကြိုက်တတ်သူမို့ ထပ်မမေးတော့ဘဲ ဆံပင်ကိုသာ အာရုံစိုက်ပြီး ကောက်ပေးလိုက်၏ ။

ဆံပင်ကောက်ပေးပြီးတာနဲ့ လိုအပ်တာတွေ ဝယ်ဖို့အတွက် စိုင်းဖြိုးအပြင်ကို ထွက်သွားသည်။

**************************************

ဇိုးဇွယ်ဇိုးဇိုးဇွက်ဇွက်ဇွိုင်က Hotel တစ်ခုလုံးရဲ့ General Manager ဖြစ်ပေမဲ့ တခြားအလုပ်သမားတွေကိုသာ အရက်၊ ဘီယာ အစရှိတဲ့ မူးယစ်ဆေး မသုံးခိုင်းသော်လည်း သူကိုယ်တိုင်ကတော့ ဘီယာ အရမ်းကြိုက်သူ တစ်ယောက်ဖြစ်တာကြောင့် ညနေတိုင်း သောက်ပြီး မှောက်လေ့ရှိသည်။

ဇွေး ဗိုက်ဝအောင် အစားစားပြီးတာနဲ့ General Manager ရဲ့ အခန်းထဲ ကို ဝင်သွားလိုက်၏ ။ထိုအခါ  မူးနေတဲ့ ဇိုးဇွယ်က အလုပ်စားပွဲပေါ်မှာ ခေါင်းလေးမှီရင်း အိပ်ပျော်နေသည်။

ဘီယာတစ်ဘူးလောက် ခိုးသောက်ပြီး အလုပ်စားပွဲပေါ်မှာ မှောက်နေတဲ့ သူ့အကို ကို စနောက်ချင်စိတ်တို့က ပေါ်ပေါက်လာတဲ့အခါ မူးနေတဲ့သူ့အကို ကို ထိုင်ခုံပေါ် ပက်လက်မှီအောင် လုပ်လိုက်ပြီး ချမ်းဆောင်းဟန်ရဲ့ အခန်းထဲမှာ ထားထားတဲ့ သူ့ရဲ့ မိတ်ကပ် ပစ္စည်းတွေ ဆံပင်အတုတွေ ကို သွားယူလိုက်၏ ။

ဇွေး ပစ္စည်းတွေယူပြီး ပြန်လာတဲ့ အထိ သူထားခဲ့တဲ့ ပုံစံအတိုင်း ရှိနေတဲ့ ဇိုးဇွယ်ဇိုးဇိုးဇွက်ဇွက်ဇွိုင်က အရမ်းလှလှပပလေး ပုံစံမပျက် အိပ်နေသေးသည်။

"ဒီကမ္ဘာပေါ်မှာ ထန်ထန်ပြီးရင် ငါ့အကို အလှဆုံးပဲ"

ဇွေး သူ့အကို ရဲ့ မျက်နှာလေးကို စိတ်ရှည်ရှည်နဲ့ Skin care အဆင့်ဆင့် လိမ်းပေးလိုက်ရင်း ချီးကျူးနေမိသည်။ဇိုးဇွယ်က ဇွတ်ကျားနေပေမဲ့ တကယ် လှတာ။

Min Tha Khin Khat Htan  {S-2} {Completed}Dove le storie prendono vita. Scoprilo ora