{The End} Uni

856 58 21
                                    

ချမ်းဆောင်းဟန် စာချုပ်ကိစ္စတွေ လုပ်ပြီး လုပ်ငန်းရှင်တွေနဲ့ သွားတွေ့သော်လည်း မင်းသခင်ခက်ထန်ကို ဘာစာချုပ်တွေ မှန်း မသိစေချင်တာကြောင့် အပြင်မှာပဲ ထားခဲ့သည်။

မင်းသခင်ခက်ထန်ကတော့ ကားပေါ်မှာ ထိုင်ရင်း စိတ်ကောက်နေမိသည်။

ကိုကိုက အရမ်းလျှို့ဝှက်လွန်းသည်။

ချမ်းဆောင်းဟန်စာချုပ်ကိစ္စအဆင်ပြေသွားတာနဲ့ ကားPacking မှာ ရပ်ထားတဲ့ Porsche 911 Turbo S Black လေးကို မှီ၍ လက်ပိုက်ကာ နှုတ်ခမ်းထော်ပြီး သူ့ကို စောင့်နေတဲ့ အဖြူရောင်လေး ရဲ့ အနား ရောက်တာနဲ့ ဖိုင်တွဲလေးကို ကိုင်ထားရင်းကနေ ပါးလေးကို ရွှတ်ခနဲ နမ်းလိုက်၏ ။

"ကိုကို မောင်းမယ် "

မင်းသခင်ခက်ထန်လည်း လူမြင်ကွင်းထဲမှာ အနမ်းခံလိုက်ရတာကြောင့် ပျော်သွားတဲ့အတွက် စိတ်ကောက်နေတာပါ ပျောက်ကွယ်သွားသည်။သူ့လူကြီးက သူ့ကို ဘယ်လိုချော့ရမလဲ သိသည်။အသေးအမွှားဆိုပေမယ့် သူတကယ်ကို သဘောကျသည်။

ညကလဲ မှောင်ပြီ ဖြစ်တဲ့ အပြင် မြန်မာနိုင်ငံက နေရာတွေကလဲ သူဘာမှ မသိချေ။ထို့ကြောင့် ကိုကို့ဘေးက Lover seat မှာသာထိုင်လိုက်၏ ။

ကိုကို ခေါ်သွားသည့်နေရာက တောအုပ်ကလေးလို ဖြစ်ပြီး လူလဲ တစ်ယောက်မှ မရှိ။

လူမရှိဆိုသလို နေရာကလဲ အုပ်မှိုင်းမှိုင်း နဲ့ စိတ်ခြောက်ခြား စရာကောင်းသည်။

ချမ်းဆောင်းဟန် ကားကို ထိုးရပ်ပြီးတာနဲ့ ကားအတွင်းထဲက မီးကို ဖွင့်ကာ မင်းသခင်ခက်ထန်အား စာချုပ်ပေးသည်။

"သဲလေးရဲ့ ၂၆ နှစ်ပြည့် မွေးနေ့မှာ ပျော်ရွှင်ပါစေ"

"ကိုကို့ ရဲ့ ၂၆ နှစ်  အပေါင်း ၆ နှစ်  (၂၆+၆=၃၂)   ပြည့် မွေးနေ့မှာလဲ ပျော်ရွှင်ပါစေ ။"

"ဟား ဟား  ကလေးလေးကတော့ ကွာ "

ချမ်းဆောင်းဟန် ခေါင်းကို ညင်သာစွာ လှုပ်ရမ်းရင်း သဘောတကျရယ်မိသည်။ဒီကလေးက သူ့ကို တအားခြွေလွန်းသည်။

မင်းသခင်ခက်ထန်ကတော့ စာချုပ်ကို ကြည့်ရင်း အံ့သြသွားရသည်။

Min Tha Khin Khat Htan  {S-2} {Completed}Where stories live. Discover now