စိုင်းဖြိုးရဲ့ အမေးကို ဇိုးဇွယ် ခေါင်းညိတ်ရင်း အားရပါးရ ထရယ်တော့သည်။
"ဟား ဟား ဟား "
နဖူးလေးကို လက်ချောင်းကလေးနဲ့ ထိထိပြီး ရယ်နေတဲ့ ဇိုးဇွယ်က တော်တော်နဲ့ အရယ်မရပ်နိုင်တာ ကြောင့် စိုင်းဖြိုးတွေဝေသွားရသည်။
"ဇိုးလေး ဘာလို့ ရယ်နေတာလဲ "
"ခန်းမထဲက မိန်းကလေးတွေ အကုန်လုံးက...."
ဇိုးဇွယ် စိုင်းဖြိုးရဲ့ အနားကို ကပ်ပြီး နားအနားကပ်ခါ တိုးတိုးလေး ပြောတဲ့ စကားက စိုင်းဖြိုးအား ဒေါသထွက်စေသည်။
"ကိုကြီးရဲ့ ရည်းစားဟောင်းတွေ~~~~~""ဘယ်လို!!!!!!"
အဖြေကိုကြားတာနဲ့ ရုတ်ရက်ကြီး ထအော်တဲ့ စိုင်းဖြိုးကြောင့် ဇိုးဇွယ် ခန္ဓာကိုယ်လေးပါ တုန်တက်သွားသည်။ဒီကောင်လေးက သူ့အားတစ်ခါမှ ယခုကဲ့သို့ မအော်ခဲ့ဖူးချေ။
"မောင်........ ဘာလို့ အော်တာလဲ "
"မောင် တစ်ခုခုကို သတိရသွားလို့ပါ။
ဇိုးလေးကို အော်တာ မဟုတ်ပါဘူး။
မောင် အပြင်ခဏ သွားဦးမယ် "စိုင်းဖြိုး ပြေပြေလည်လည် ဇိုးဇွယ်ကိုပြောပြီးတာနဲ့ ခြေလှမ်းတွေက Make Up Studio သို့သာ။
***************************************
ချမ်းဆောင်းဟန် ဘက်က ဘယ်လောက်ပဲ ခွင့်ပြု ခွင့်ပြု မင်္ဂလာခန်းမထဲကို ချမ်းဆောင်းဟန်အား နာနာကျင်ကျင်နဲ့ လုံးဝ မဝင်စေချင်ပါ။
ခဏတာသာ သာယာစေပြီးနောက် နာကျင်ပြီး ကျန်ခဲ့ရတာက ခံရခက်လွန်းသည်။
ချမ်းဆောင်းဟန်က သူ့ကို အလိုလိုက်လွန်းနေပေမယ့် သူ ချမ်းဆောင်းဟန်ကို သနားသည်။
မင်းသခင်ခက်ထန် နှုတ်ခမ်းထောင့်စွန်းမှာ အနည်းငယ်ပေနေတဲ့ အရည်တွေကို လျှာရဲရဲလေးနဲ့ သပ်ပြီး မြိုချလိုက်တာကိုကြည့်ရင်း ချမ်းဆောင်းဟန် အသည်းယားမိသည်။
ဒီကလေးလေးရဲ့ မျက်ဝန်းမိုးပြာရင့်ရောင်လေးတွေ၊ လျှာရဲရဲလေးတွေက သိပ်ကို လှရက်လွန်းသည်။
"ယောက်ျား~~~"
ယောက်ျားချင်းအတူတူတောင် ချမ်းဆောင်းဟန်ဆိုတဲ့ အမျိုးသားက ယောက်ျားလို့ခေါ်ရင် ရင်ထဲ တမူထူးခြားပြီး ပျော်ဖို့ကောင်းသည်။

ESTÁS LEYENDO
Min Tha Khin Khat Htan {S-2} {Completed}
Romanceချိုပြီး မှောင်တာကြောင့် Warning 🚨 ကြိုပေးထားပါတယ်။ 🔞🔞 ရှောင်တဲ့သူ ဆိုရင်တော့ မဖတ်ဖို့ အကြံပြုပါတယ်ရှင်။ Min Thant Ko Ko Maung {S1} ချိုပြီး မှောင်တာကြောင့် Warning 🚨 ကြိုပေးထားပါတယ်။ 18+ ရှောင်တဲ့သူ ဆိုရင်တော့ မဖတ်ဖို့ အကြံပြုပါတယ်ရှင်။ ကလဲ့စ...