ဆယ်ကျော်သက်အရွယ် ကလေးတစ်ယောက်က အစစအရာရာ ဦးစီးပြီး စီးပွားရေး လုပ်ငန်းတွေ လုပ်ကိုင်တဲ့အခါ အခက်အခဲတွေ များစွာကို ရင်ဆိုင်ရသည်။
သူဖွင့်ထားတဲ့ Coffee ဆိုင်ရဲ့ ဖွဲ့စည်းပုံတွေ စိတ်ကူးတွေက ကောင်းပေမယ့် ဖျက်လို ဖျက်ဆီး လုပ်ချင်နေတဲ့ သူတွေကလဲ အများအပြားပင်။
ချမ်းဆောင်းဟန် ကိုယ်တိုင်ကလဲ စီးပွားရေးကို စိတ်ဝင်စားသလို ချမ်းဆောင်းဟန်ရဲ့အဖေကိုယ်တိုင်ကလဲ လုပ်ငန်းရှင်တစ်ယောက် ဖြစ်နေတာကြောင့် သူ့အလုပ်နဲ့ ပတ်သက်ပြီး အခက်အခဲတွေကြုံတဲ့ အခါတိုင်း သူ့အဖေဆီက အကြံဉာဏ်ကောင်းတွေ ရရှိလေ့ ရှိသည်။
ချမ်းဆောင်းဟန် ဆေးကျောင်းကို မတက်ဘဲ Business management ပဲ တက်ပြီး စီးပွားရေး လောကထဲကိုသာ ခြေစုံပစ် ဝင်ပစ်လိုက်သည်။သူလက်ခံထားတဲ့ ဆောင်ပုဒ် တစ်ခုက
' ၆ဘာသာ ဂုဏ်ထူးရတိုင်း
ဆရာဝန် လုပ်စရာမလို 'ဖြစ်သည်။ချမ်းဆောင်းဟန် ဘွဲ့ရပြီးတာနဲ့ သူလုပ်နေတဲ့ စီးပွားရေး လုပ်ငန်းတွေကိုသာ ဆက်လုပ်ဖြစ်သည်။အမျိုးမျိုး ရိုက်ချ ခံနေရတဲ့ ကြားထဲကနေ ဆိုင်ခွဲတွေပါ ထပ်ဖွင့် နိုင်ရုံသာမက အခြားလုပ်ငန်းတွေပါ အများအပြား ပိုင်ဆိုင်လာခဲ့သည်။
ချမ်းဆောင်းဟန်အနေနဲ့ စီးပွားရေး ကိစ္စတွေ ဘယ်လောက်ပဲ စိတ်ရှုပ်ရပါစေ ၊ ကလေး တစ်ယောက်က သူ့ကို နှိမ်ပြီး ပြောသွားတဲ့ စကား
တစ်ခွန်းကြောင့် နေ့စဥ်မပြတ် Gym ကို ကစားခဲ့သည်။Gym ကစားတဲ့ အကျိုးကျေးဇူးတွေကြောင့် သူ့ရဲ့ ခန္ဓာကိုယ်က ကျစ်လျစ်ပြီး ရှည်လျားတဲ့ အရပ်ကြီးကြောင့် ယောက်ျားအလွန် ပီသသည်။ရင်အုပ်တွေကလဲ ကျယ်လာသလို ဗိုက်ကြွက်သားတို့ဟာလဲ ထင်းလာသည်။
ဆံပင်အတိုကို အမြဲသပ်ရပ်အောင် Gel နဲ့ သေချာပုံသွင်းထားခြင်းကလဲ ချမ်းဆောင်းဟန်ရဲ့ ခန့်ညားခြင်း အသွင်အပြင်ကို ကိုယ်စားပြုနေပြန်သေးသည်။
ချွန်နေတဲ့ နှာတံလေးက ဘာအဖုအထစ်မှ မရှိဘဲ ဖြောင့်စင်းနေခြင်းကလဲ ဘေးတစ်စောင်းကြည့်ရင်တောင် အတော်လှသည့် ရှု့ထောင့် တစ်ခု လို့ သတ်မှတ်နိုင်သည်။

YOU ARE READING
Min Tha Khin Khat Htan {S-2} {Completed}
Romanceချိုပြီး မှောင်တာကြောင့် Warning 🚨 ကြိုပေးထားပါတယ်။ 🔞🔞 ရှောင်တဲ့သူ ဆိုရင်တော့ မဖတ်ဖို့ အကြံပြုပါတယ်ရှင်။ Min Thant Ko Ko Maung {S1} ချိုပြီး မှောင်တာကြောင့် Warning 🚨 ကြိုပေးထားပါတယ်။ 18+ ရှောင်တဲ့သူ ဆိုရင်တော့ မဖတ်ဖို့ အကြံပြုပါတယ်ရှင်။ ကလဲ့စ...