{ 11 } Uni

17.7K 1.1K 120
                                    

အနာပေါ် အနာဆင့်ပြီး ချမ်းဆောင်းဟန် ခေါင်းက သွေးတွေက မြင်မကောင်းလောက်အောင် စီးကျလာသဖြင့် ထန်ထန်ကိုယ်တိုင်လဲ စိုးရိမ်လာသည်။သို့သော် ချမ်းဆောင်းဟန်ဟာ တစ်စက်မှ မျက်နှာပျက်မသွားဘဲ ထန်ထန့်အားငေးရင်း...

"ကိုယ်တောင်းပန်ပါတယ်"

"တောက်!"

ချမ်းဆောင်းဟန်ရဲ့ခေါင်းက သွေးတွေ စီးကျလာပြီး ထန်ထန်ရဲ့ နဖူးပေါ် တစ်စက်ချင်း ကျသည်။ ထန်ထန်ရဲ့နဖူးထက် သူ့ရဲ့သွေးစက်တွေကျနေတာ မြင်နေတာတောင် မသုတ်ပေးဖြစ်။ သွေးရောင်သန်းနေတဲ့ မျက်နှာဖွေးဖွေးလှလှလေးက ချမ်းဆောင်းဟန်အတွက် ကြည့်မဝ ဖြစ်စေသည်။

ချမ်းဆောင်းဟန် နာနေပေမဲ့ သူ့ရဲ့ ထန်ထန်လေးကိုအပြစ်မတင်ရက်ဘူး။သူကိုယ်တိုင်ကလဲ ထန်ထန်နဲ့ကျမှ ထိန်းချုပ်ရခက်သည်။

"ကြည့်လို့ မ ဝ သေးဘူးလား၊ ကို.....ချမ်းဆောင်းဟန်"

တခြားသူတွေဆို အသားနာရင် ချက်ချင်းခွာသွားတတ်ကြပေမယ့် ချမ်းဆောင်းဟန်ကတော့ ပျောက်ကွယ်သွားမှာ စိုးသည့် အလား မိုးပြာရင့်ရောင် မျက်လုံးလေးရဲ့ လှုပ်ရှားမှုတွေ အောက်မှာ အရည်ပျော်ဆဲပင်။

ချမ်းဆောင်းဟန် ခေါင်းကို ပိုငုံ့လိုက်ပြီး ထန်ထန်လေး ရဲ့ နှာခေါင်းထိပ်ကလေးနဲ့ သူ့ရဲ့ နှာခေါင်းထိပ်ကလေးကို ထိကပ်လိုက်၏ ။

"ထန်ထန် ထပ်လုပ်လဲ
ကိုယ် ခံပါ့မယ်
နောက်တစ်ခေါက်လောက် နမ်းခွင့်ပေးပါလား"

မင်းသခင်ခက်ထန် ဒီလူကို တကယ် အံ့သြမိသည်။ထို့ကြောင့် မျက်စောင်းလေးထိုးကာ...

"ဟမ်.. ရှင်က ရူးနေတာလား!"

ချမ်းဆောင်းဟန် ထန်ထန့်ရဲ့  နှာခေါင်းထိပ်လေးနဲ့ ထိထားရင်းနဲ့ပဲ သူ့ရဲ့ သွားတန်းညီညီဖွေးဖွေးလေး ပေါ်အောင် ရယ်လိုက်တာကြောင့် မင်းသခင်ခက်ထန် ရဲ့ နှလုံးခုန်သံတို့က တအားမြန်လာသည်။ဒီလူက အနီးကပ်ကြည့်လေ ပိုကြည့်ကောင်းလေ ဖြစ်သည်။ထို့ပြင် ဒီလူ့အနားက သူလဲ တကယ်ကို မခွာနိုင်။မြွေတွေလို့ ညှို့နိုင်စွမ်းအား ဒီလူမှာ အပြည့်ရှိသည်။

Min Tha Khin Khat Htan  {S-2} {Completed}Donde viven las historias. Descúbrelo ahora