နာကျင်ပြီး ပင်ပန်းနေတဲ့အပြင် ထုံဆေး ၏ အရှိန်ပါ ထပ်ပါလာတာကြောင့် ချမ်းဆောင်းဟန် အိပ်ပျော်သွား၏ ။
မင်းသခင်ခက်ထန်ကတော့ အိပ်ပျော်နေတဲ့ ချမ်းဆောင်းဟန်ရဲ့ ဘေးမှာ ကပ်လှဲလိုက်ပြီး ချမ်းဆောင်းဟန်ရဲ့ လက်မောင်းတစ်ဖက်ကို ခေါင်းအုံးအိပ်ကာ ချမ်းဆောင်းဟန် ရဲ့ သန်မာတဲ့ ခါးတွေကို ဖက်ထားလိုက်ပြီး ချမ်းဆောင်းဟန်ရဲ့ ခန္ဓာကိုယ်က အနံ့မွှေးမွှေးလေးကို တစ်ဝကြီး ရှူရှိုက်ရင်း ဝေးရမှာကို ကြောက်နေမိသည်။သူတကယ် ဒီလူနဲ့ မခွဲချင်ဘူး။
"ကျွန်တော် ကိုကို နဲ့ တစ်စက္ကန့်လေးတောင် မဝေးချင်ဘူး ။
တစ်ရက်မှာ စက္ကန့်ပေါင်း 86,400 တောင်ရှိတာ ။
အဲ့ဒီ စက္ကန့်ပေါင်း 86,400လုံး ကိုကို့ အနားမှာ ကပ်နေချင်တာ။
၃ နှစ်တိတိဆိုရင် စက္ကန့်ပေါင်း 94,608,000 တောင် မှ အကြာကြီးပဲ။
ကျွန်တော် ကိုကိုနဲ့ မခွဲနိုင်ဘူး "မင်းသခင်ခက်ထန်စိတ်မကောင်းစွာဖြင့် ချမ်းဆောင်းဟန် ရဲ့ နောက်လက်တစ်ဖက်ကို ဆွဲယူလိုက်ပြီး သူ့ကို ပြန်ဖက်ထားတဲ့ ပုံစံမျိုးလေး ဖြစ်အောင် လုပ်ယူလျက်....
"၃ နှစ်ကြီးတောင် ခွဲရမှာ ...အဝ ဖက်ထားချင်တယ်"
မင်းသခင်ခက်ထန်က မေရှားခက်ထန် ကို အချိန် ၁နာရီပဲလို့ ပြောခဲ့တာကြောင့် အချိန် ၁နာရီ ပြည့်တဲ့အခါ မေရှားခက်ထန် အခန်းထဲကို ဝင်လာသဖြင့် သူ့သားနဲ့ ချမ်းဆောင်းဟန်တို့ရဲ့ ဖက်လျှက်သားကြီးဖြစ်နေတာကို မြင်လိုက်ရတာကြောင့် သားကို နှိုးမယ် ကြံလိုက်ပေမယ့် သားက ချမ်းဆောင်းဟန်ရဲ့ ရင်ခွင်ထဲကနေ ခေါင်းလေးထောင်လာပြီး မေရှားခက်ထန်ကို တိုးတိုးနေဖို့ နှုတ်ခမ်းပေါ်မှာ လက်ညှိုးလေးတင်ပြီး အမူအရာနဲ့ပြသည်။
ထိုအခါ မေရှားခက်ထန်က မင်းသခင်ခက်ထန်အနားကို ကပ်လာသဖြင့် မင်းသခင်ခက်ထန် အသံတိုးတိုးလေးဖြင့်ပြောသည်။
"သား ...ကိုကို့ကို ဘာမှမလုပ်ဘူး... မာမားမိန်းမဆီ ပြန်တော့~ "
"ငါ နင့်ကို မယုံဘူး ...အခု ချက်ချင်း အိမ်ပြန်လိုက်ခဲ့... နင် လူကြီးကို သွားသွား မကလိနဲ့"

VOUS LISEZ
Min Tha Khin Khat Htan {S-2} {Completed}
Roman d'amourချိုပြီး မှောင်တာကြောင့် Warning 🚨 ကြိုပေးထားပါတယ်။ 🔞🔞 ရှောင်တဲ့သူ ဆိုရင်တော့ မဖတ်ဖို့ အကြံပြုပါတယ်ရှင်။ Min Thant Ko Ko Maung {S1} ချိုပြီး မှောင်တာကြောင့် Warning 🚨 ကြိုပေးထားပါတယ်။ 18+ ရှောင်တဲ့သူ ဆိုရင်တော့ မဖတ်ဖို့ အကြံပြုပါတယ်ရှင်။ ကလဲ့စ...