{ 74 } Uni

8.1K 575 229
                                    


စကားပြောလိုက်တိုင်း ချိုင့်ဝင်သွားတဲ့ ပါးချိုင့်ပေါက်လေးတွေက ချစ်စရာကောင်းလွန်းလို့ ချမ်းဆောင်းဟန် စိတ်မထိန်းနိုင်စွာ မင်းသခင်ခက်ထန် ရဲ့ ပါးချိုင့်ပေါက်နေရာလေးကို နှာခေါင်း နစ်ဝင်သွားတဲ့ အထိကို နမ်းမိသည်။

သူက ကလေး အရမ်းချစ်တတ်သည့် သူတစ်ယောက်ဖြစ်သော်လည်း တစ်ကမ္ဘာလုံးက ကလေးတွေထဲမှာ သူအချစ်ဆုံး ကလေးလေးက မင်းသခင်ခက်ထန် ဆိုတဲ့  ကလေး လေးသာ။

မင်းသခင်ခက်ထန်ကို ကလေးတစ်ယောက်လိုလဲ ချစ်သည်။ ယောက်ျားတစ်ယောက်လိုလဲ ချစ်သည်။ မင်းသခင်ခက်ထန် ရဲ့ ကျား/ မ ဖြစ်တည်ခြင်း ဘာတစ်ခုမှ မဟုတ်ဘဲ မင်းသခင်ခက်ထန် ဖြစ်နေလို့ကို ချစ်သည်။

ကလေးဆန်ဆန် ချွဲတတ်တာလေးတွေ ၊
နုနုရွရွလေးနေတတ်တာလေးတွေက ချစ်ဖို့ကောင်းသလို၊ ရက်စက်ခြင်း ယုတ်မာခြင်းတွေ ပြည့်နေတဲ့ မင်းသခင်ခက်ထန်ရဲ့  အခြားတစ်ဖက်ကလဲ ဆွဲဆောင်မှု ရှိပြန်သည်။

မင်းသခင်ခက်ထန်က လာကတည်းကိုက ကျောပိုးအိတ် တစ်လုံးတည်းသာ ပါလာသူ ဖြစ်တာမို့ ဘာကို မှ ထွေထွေထူးထူး ထပ်ပြီး ယူစရာမရှိချေ။

မင်းသခင်ခက်ထန်နဲ့ ချမ်းဆောင်းဟန် တို့ နှစ်ဦးသားတင် မခွဲနိုင် မခွာရက် ဖြစ်ကြခြင်းမဟုတ်။

ဇိုးဇွယ် နဲ့ စိုင်းဖြိုးတို့ အတွဲကလဲ 
ချစ်စ ခင်စ ကြင်နာစ မို့ ကော်နဲ့ ကပ်ထားသလို တပူးပူး တတွဲတွဲ ရှိချင်သည့် အချိန်မို့ မင်းသခင်ခက်ထန် ကို စိုင်းဖြိုး သိပ်ကြည့်မရချင်။

လေယာဥ်ဆိပ်ကို သူရောက်နေတာဖြင့် တစ်နာရီကျော် ကြာနေပြီ ဖြစ်ပြီး မင်းသခင်ခက်ထန်ရဲ့ ဖုန်းကို ဆက်တိုက်ဆက်နေသော်လည်း သတ်မှတ်ချိန်နှင့် ဆက်တိုက်တိုးနေသောကြောင့် ဖြစ်သည်။

တစ်နာရီဆိုလဲ တစ်နာရီသိသာသည်။ ယောက်ျားဖြစ်သူနှင့် တစ်နာရီအတူတူ ရှိနေခြင်းကလဲ စိတ်ကို အေးချမ်းစေသည်။

မင်းသခင်ခက်ထန် ချမ်းဆောင်းဟန် ကို ချွဲနေရင်းကနေ ဆက်တိုက်မြည်နေတဲ့ Vibrate သံကို လျစ်လျူရှုကာ ဆက်ချွဲနေဆဲပင်။

Min Tha Khin Khat Htan  {S-2} {Completed}Where stories live. Discover now