{ 21 }Uni

18.9K 1K 144
                                    

မင်းသခင်ခက်ထန် ရေချိုးခန်းထဲ ဝင်ပြီး အကြိမ်ကြိမ် သူ့ရဲ့ လက်တွေကို အလုပ်ပေးနေပေမဲ့ သူလုံးဝ မပြီးနိုင် ဖြစ်နေတာကြောင့် စိတ်မရှည်ဖြစ်လာသည်။

"တောက် ! မပြီးနိုင်တော့ဘူး ...ချိုးပစ်ချင်လာပြီ"

မင်းသခင်ခက်ထန် မလုပ်တော့ဘူးလို့ စိတ်ထဲ တွေးထားပေမဲ့ သူ့စိတ်ကို သူမထိန်းနိုင်ဘူး။

သူလုံးဝ အဆင်မပြေတော့ဘူး။
သူဘယ်လောက်ပဲ  ဖြေလျှော့လျှော့ လုံးဝ မပြီးနိုင်ဘူး။

ထို့​အပြင် အပြင်ပြန်ထွက်တဲ့အခါ ကုတင်ပေါ်မှာ ဘေးစောင်းလေး အိပ်နေတဲ့ ကိုကို က မကျွတ်တကျွတ်ဖြစ်နေတဲ့ အင်္ကျီကိုပါ လုံးဝ ဆွဲချွတ်ထားပြီး တစ်ကိုယ်လုံး ​ဘာအဝတ်အစားမှ မပါပဲ ရဲတင်းစွာ အိပ်နေတာကို မြင်ရသည်။

အနောက်ဘက်ခြမ်းကနေ မြင်နေရတဲ့ ခန္ဓာကိုယ်က ကြည့်ကောင်းနေပြီး ဒီအတိုင်းလေး ဘာအားမှ မသုံးထားတာတောင် ကြွက်သားတို့က သူ့နေရာနဲ့သူ ဖုထွက်နေကာ တင်ပါးလေးကလဲ ကျစ်လျစ်နေတာကြောင့် ချက်ချင်း ဆက်ဆံပစ်ချင်လာရသည်။

ဆေးအရှိန်မပြယ်သေးပေမဲ့ သိက္ခာကျမှာ စိုးလို့ ချမ်းဆောင်းဟန် လိုချင်ပေမဲ့ မလိုချင်ယောင် ဆက်ပြီး ဟန်ဆောင်နေလိုက်၏ ။

မင်းသခင်ခက်ထန်က ချမ်းဆောင်းဟန် ရဲ့ ကုတင်ပေါ်ကို တက်လာပြီး ဘေးစောင်းလေး လှဲနေတဲ့ ချမ်းဆောင်းဟန်ရဲ့ ရင်ခွင်ထဲကို တိတ်တိတ်လေးဝင်လာသည်။

ချမ်းဆောင်းဟန် သိနေပေမယ့် ဘာမှ မပြောဘဲ နေနေလိုက်၏ ။
ဒီကလေးက တကယ် ချစ်စရာလေး။

ချမ်းဆောင်းဟန် ရဲ့ လက်မောင်းတစ်ဖက်ကို သူ့သဘောနဲ့သူ ခေါင်းအုံးလိုက်ပြီးနောက် ချမ်းဆောင်းဟန်ရဲ့နောက်လက်တစ်ဖက်ကို သူ့အားပြန်ဖက်စေလိုက်သည်။

"ဘာလုပ်နေတာလဲ !!!!"

"ကိုကို  စိတ်ဆိုးနေတာလား"

"စိတ်ဆိုးတာထက် စိတ်မကောင်းဖြစ်တာ... ငါ  မင်းကို အတည် ချစ်ခဲ့တာ...
ငါ ရည်းစားတွေ အများကြီး ထားခဲ့ဖူးတယ်။ ဒါပေမဲ့ ငါ ဘယ်သူ့ကိုမှ မင်းလောက်အထိ သည်းမခံခဲ့ဖူးဘူး"

Min Tha Khin Khat Htan  {S-2} {Completed}Where stories live. Discover now