{ 59 } Uni

9.3K 595 183
                                    

ကင်းမွန်းစခန်းရောက်တာနဲ့ အတွဲ လေးတွဲစလုံး နှစ်ယောက်တတွဲ ကိုယ်စီ လက်ကလေးတွေ ကိုင်ထားကြကာ သူတို့ ရဲ့ ကိုယ်ပိုင်ကားပေါ်ကနေ ဆင်းလိုက်ကြပြီး တောင်တက်ကားပေါ်ကိုတက်သွားကြသည်။

တောင်တက်ကားနဲ့ တက်တဲ့ တစ်လျှောက်လုံးလဲ လူကြီးပိုင်းအတွဲတွေက ကားခေါင်းခန်းထဲမှာ ထိုင်ကြပေမဲ့ မင်းသခင်ခက်ထန်တို့အတွဲနဲ့ စိုင်းဖြိုးတို့အတွဲကတော့ အနောက်က အများခုံတွေမှာ မျက်နှာချင်းဆိုင် ထိုင်ဖြစ်ကြသည်။

ထိုအချိန်တွင် တစ်ချက် တစ်ချက် ဖြူဖွေးရှည်ကောင်ကို ဖက်ထားရင်းကနေ စိုင်းဖြိုးတို့အတွဲကို မျက်လုံးမှေးမှေးပြီး ချမ်းဆောင်းဟန်က ကြည့်နေတတ်တာကြောင့် စိုင်းဖြိုးရော ဇိုးဇွယ်ရော အကြောက်တလန့် ဖြစ်နေရပြန်သည်။

တောင်တက်ကားက အကွေ့အကောက်တွေ များတဲ့ အပြင် ကြမ်းကြမ်းတမ်းတမ်းမောင်းနေတာတောင်မှ မင်းသခင်ခက်ထန်ကတော့ ချမ်းဆောင်းဟန်ရဲ့ ရင်ခွင်ထဲ ဝင်ကာ ခါးကို တင်းကျပ်နေအောင် ဖက်ပြီး နှစ်ခြိုက်စွာ အိပ်မောကျနေတာကြောင့် အရှေ့မှာ ဘာတွေ ဖြစ်ပျက်နေလဲ ဘာတစ်ခုမှ သူမသိချေ။

တောင်ပေါ်က Car Parking ရောက်တဲ့အထိ မင်းသခင်ခက်ထန်က အိပ်ပျော်နေသေးတာကြောင့် ချမ်းဆောင်းဟန် နှိုးလိုက်ရင် မင်းသခင်ခက်ထန်  အိပ်ရေးပျက်သွားမှာ စိုးရိမ်တဲ့အတွက် ကားပေါ်က လူတွေ အကုန်ဆင်းသွားပြီးကာမှ ချမ်းဆောင်းဟန်က မင်းသခင်ခက်ထန်ကို ပွေ့ ချီပြီ ကားပေါ်က ဆင်းဖို့ ပြင်သည်။

ကားက မြင့်တာကြောင့် ဆင်းရင် အခက်အခဲဖြစ်မှာစိုးရိမ်တဲ့ အတွက် မင်းသန့်ကိုကိုမောင်က မင်းသခင်ခက်ထန်ကို နှိုးဖို့ ပြောပေမဲ့ ချမ်းဆောင်းဟန်ကတော့ မင်းသခင်ခက်ထန်ကို လုံးဝ မနှိုးရက်။

"ညီလေး ...သားကို နှိုးလိုက်... သူ့ဘာသာ ဆင်းလိမ့်မယ် အန္တရာယ်များတယ်"

"ရတယ် အကို... ကလေး အိပ်မောကျနေတာ မနှိုးရက်ဘူး"

ချမ်းဆောင်းဟန် ပွေ့ချီထားလျက် ကားပေါ်ကနေ မြေကြီးပေါ်ကို ခုန်ချပြီး ဆင်းဖို့ ပြင်နေတဲ့ အချိန်မှာတင်ပဲ ကားအောက်က မင်းသန့်ရဲ့ အော်သံတွေ၊ ချမ်းဆောင်းဟန်ရဲ့ ပြန်အော်သံတွေကြောင့် မင်းသခင်ခက်ထန်နိုးလာတော့သည်။

Min Tha Khin Khat Htan  {S-2} {Completed}Donde viven las historias. Descúbrelo ahora