{ 24 } ZG

4.8K 121 12
                                    


မင်းသခင်ခက်ထန်က မျိုးနဲ့ရိုးနဲ့ကို Gay လာတာကြောင့် မင်းသခင်ခက်ထန် Gay တာက ကိစ္စမရှိပေမဲ့ ချမ်းဆောင်းဟန်လို  ဓာတ်တိုင်ထက်တောင် ပို့ဖြောင့်တဲ့ အဖြောင့်ကြီးက အောက်က ဖြစ်သွားတာတော့ အကုန်လုံးအတွက် အံ့သြဖွယ်ရာဖြစ်ရပ်ကြီး ဖြစ်နေသည်။

မေရှားခက်ထန် ကိုယ်တိုင်တောင် အံ့သြမိတဲ့ အထိကို ဒီ ဖြစ်ရပ်က ဆန်းကြယ်နေသည်။
သူ(မ) ထင်ခဲ့တာက သူ(မ) ရဲ့ သားက လုံးဝ ကို အောက်ဆင်းရမယ်လို့။

သို့သော်လည်း သူ့သားလေးက အထက်နေရာ ရနေသည်။

အိမ်ထောင်သက် ဘယ်လောက်ပဲ ကြာကြာ တခြားယောက်ျားတစ်ယောက်ရဲ့ အဝတ်အစားမပါတဲ့ ခန္ဓာကိုယ်ကို အိမ့်မှူးသခင်နွယ်အား မမြင်စေချင်တာကြောင့် အိမ့်မှူးကို ဝရံတာ ထွက်ခိုင်းလိုက်၏။

"မိန်းမလေး ဝရံတာမှာ ခဏနေပေး"

မေရှားခက်ထန်က တောင်းဆိုသလိုလေး ပြောနေတာကြောင့် သဝန်အရမ်းတိုတက်တဲ့ မေရှားကို စိတ်မတိုစေချင်တာကြောင့် စကားကို နားထောင်ပြီး အိမ့်မှူးသခင်နွယ် ဝရံတာကို ထွက်သွားသည်။

အိမ့်မှူးသခင်နွယ် ထွက်သွားတော့မှ မေရှားခက်ထန် သားကို ပွင့်ပွင့်လင်းလင်း ပြောဆိုသည် ။

"ဂွက်!!"

"အာ့ မာမား"

"ငါ့မိန်းမလေးရှေ့မှာ လုပ်ရင် ငါ့မိန်းမလေးနဲ့ ပြဿနာတက်မှာစိုးလို့"

"မယားကြောက်ရင် ကြောက်တယ်ပေါ့ ....ကိုယ့်သား နုနုထွဋ်ထွဋ်လေးကို လုပ်ရက်လိုက်တာ"

"အပိုတွေ ပြောမနေနဲ့ ...ဘောင်းဘီသာ  ချွတ်ပေးလိုက်"

"ရှက်တယ်..."

ချမ်းဆောင်းဟန်ရဲ့ ဘောင်ဘီအား ချွတ်ပေးဖို့ နေနေသာ လည်ပင်းကို လက်နဲ့ ပွတ်ပြီး တကယ်ရှက်နေတဲ့သား​ဖြစ်သူကြောင့် မေရှားခက်ထန် စိတ်မရှည်တော့သဖြင့် လက်ကသားရဲ့ ခေါင်းအထက်ရောက်သွားသည်။

"ဂွက်! နင်လုပ်တုန်းကကျ မရှက်ဘူးလား"

"ခေါက်ပြန်ပြီ မာမားကလဲ ...မာမီနဲ့ တိုင်မယ်"

"တိုင်ကြည့်လိုက်လေ မကုပေးတော့ဘူး"

"မာမားကလဲ ...ကိုကို့ကို တခြားသူနဲ့ စိတ်မချဘူး"

Min Tha Khin Khat Htan  {S-2} {Completed}Donde viven las historias. Descúbrelo ahora