{ 9 }Uni

18.5K 1.1K 77
                                    

ကုတင်ပေါ်မှာ​ ထန်ထန့်ကို ခြေဆင်းထိုင်ခိုင်းလိုက်ပြီး ချမ်းဆောင်းဟန်ကတော့ ထန်ထန့်ရဲ့ ကျောဘက်မှာ  ဒူးထောက်လျက် ထိုင်သည်။ ထန်ထန့်ရဲ့ ဆံပင် အရှည်ကြီး ကို စိတ်ရှည်ရှည် နဲ့ ရေသုတ်ပေးရတာ တကယ့်ကို ကြည်နူးမိလွန်းလို့ ဒီအချိန်လေးကို ရပ်တန့်ချင်မိသည်။

ချမ်းဆောင်းဟန် Romatic ဆန်ဆန် နဲ့  မထိရက် မကိုင်ရက်နဲ့ ဖွဖွလေး ရေသုတ်ပေးနေရင်းမှ မနေနိုင်မထိုင်နိုင် နမ်းချင်စိတ်တွေ တအားဖြစ်ပေါ်လာတာကြောင့် သူ့ရဲ့ စိတ်စေရာအတိုင်း ထန်ထန့်ရဲ့ ဆံသားလေး ကို ခိုးပြီး နမ်းရှုံ့ လိုက်တဲ့အခါ မွှေးရနံ့ကို မရဘဲ တကယ်တမ်း ရလိုက်ရတာက ဆေးလိပ် အနံ့ကြီးပင်။

"ဟင်..ဘာနံ့ကြီးလဲ "

"ဘာကိုလဲ "

"ဆေးလိပ်နံ့ရတယ်"

"ထန်ထန်တော့ မရပါဘူး"

ချမ်းဆောင်းဟန် အနေနဲ့ ထန်ထန်လေးရဲ့ အခန်းထဲကို တစ်ကောင်ကောင် ဝင်နေတယ် အထင်နဲ့ စိုးရိမ်သွားတာကြောင့် အခန်းထဲကို  လိုက်လံ ရှာဖွေလိုက်ရင်း နောက်ဆုံး အနံ့ရနေတဲ့ အဆိုးဆုံး နေရာက ရေချိုးခန်း ဖြစ်နေလေသည်။

ဆေးလိပ်တိုတွေကို စည်းမရှိ၊ ကမ်းမရှိ ပျံ့ကြဲ နေအောင် ပစ်ချထားတာကို မြင်ပြီး ချမ်းဆောင်းဟန်က စိုးရိမ်သွားသလောက် အနောက်ကနေ ကပ်ပါလာတဲ့ ထန်ထန်ကတော့  အရမ်းစပ်စုတဲ့ ချမ်းဆောင်းဟန် ကို ဒေါသထွက်သွားသည်။ဒီလူက တကယ်ကို နှာဘူးအကြီးစား။မိန်းကလေး တစ်ယောက်ထဲ နေတဲ့အခန်းကို ပိုင်စိုးပိုင်နင်း လျှောက်သွားနေတာကြောင့် ဒေါသထွက်သည်။

သူမို့လို့သာ တခြားမိန်းကလေးသာဆို ဒီလူ။

"တောက် စ်!"

တောက် ခေါက်သံ အကျယ်ကြီးကို ကြားလိုက်ရတာကြောင့် ချမ်းဆောင်းဟန် သူ့ရဲ့ အနောက်ဘက်ကို လှည့်ကြည့်လိုက်၏ ။

တောက်ခေါက်တဲ့ တရားခံက ထန်ထန် ဖြစ်နေတဲ့ အပြင် အလိုမကျ ဖြစ်နေတဲ့ မျက်နှာလေး ကို မြင်လိုက်ရတာကြောင့် ချမ်းဆောင်းဟန် စိတ်တို့က ဗလာဖြစ်သွားသည်။

Min Tha Khin Khat Htan  {S-2} {Completed}Onde histórias criam vida. Descubra agora