{ 58 } Uni

9.7K 609 204
                                    

အလုပ်တွေကို ဂရုမစိုက်သည့်အပြင် သူသဘောမတူချင်တဲ့ သူနဲ့ မှ ယူလာသည့်အတွက် ချမ်းဆောင်းဟန် ဒေါသတော်တော်ထွက်ရပါသည်။

အဲ့နေ့က ဇိုး ရဲ့ နာကျင်နေတဲ့ ပုံရိပ်လေးကို လုံးဝမမေ့နိုင်ဘူး။

ညီတစ်ယောက်လုံး R*pe ခံထားရတာ ဒီကောင်ကြောင့်ကြီးပဲ ။ဒီကောင် ဘယ်လောက်တောင် ကြမ်းတမ်းတယ် ဆိုတာ အဲ့နေ့ကတည်းက သိပြီးသား။

အဲ့ဒီအပြင် အရင်ကတည်းက ထန်ထန်နဲ့ တတွဲတွဲမို့လို့ အဲ့ကောင်ကို ကြည့်မရပေ။

ထန်ထန် ဘယ်လောက်ကြမ်းကြမ်း ဟိုကောင့်လို လူမဆန်အောင်တော့ မလုပ်ဖူးဘူး။

ဇိုးဇွယ်ခမျာမှာလဲ  ဒေါသထွက်ပြီး နီရဲတက်နေတဲ့ မျက်သားရဲရဲ အကိုဖြစ်သူကို ကြောက်ကြောက်လန့်လန့် နဲ့ ဒေါသထပ်မထွက်အောင် အမြန် ပြန်ဖြေရသည်။

"တော်ဝင်ဧကရီမြင့်သစ္စာဒေဝီစိုးထက်နွယ်ရဲ့ မိဘတွေကလဲ စီးပွားရေးသမားတွေပါပဲ.. မင်းသမီးဆိုပေမဲ့ စီးပွားရေးနဲ့ဘွဲ့ရထားတာပါ။ အလုပ်နဲ့ပတ်သက်ပြီးလဲ အတွေ့အကြုံ ရှိပြီးသားပါ ။သူက ဇွေးကို ကူညီပေးမယ် ပြောပါတယ်"

ဇိုးဇွယ် ခမျာ အမြန်သာ ပြန်ဖြေရပေမဲ့အကို ဖြစ်သူ ဗလကြီးကို ကြောက်လွန်း၍ လက်ဖျားတွေ အေးစက်နေသည်။ထို့ကြောင့် တုန်ယင်ပြီး အေးစက်နေတဲ့ ဇိုးဇွယ်ရဲ့ လက်ဖဝါးနုနုလေးတွေကို စိုင်းဖြိုးရဲ့ လက်ဖဝါးကြီးကြီးတွေနဲ့ ဆုပ်ကိုင်ထားပြီး စိတ်အေးစေသည်။

ချမ်းဆောင်းဟန် အနေနဲ့ စိုင်းဖြိုးနဲ့ လုံးဝကို သဘောမတူနိုင်တာ အသေအချာပင်။
အကိုအရှေ့မှာတောင် လက်ရဲဇက်ရဲ ဇိုးဇိုးဇွက်ဇွက် နိုင်တဲ့ သူနဲ့ ဘယ်လိုမှ သဘောမတူနိုင်ဘူး။

သူ့ညီက Tattoo တွေ တစ်ကိုယ်လုံး အပြည့်ထိုးထားပြီး နားပေါက်တွေအများကြီး ဖောက်ထားပေမဲ့ ဖြူဖြူဖွေးဖွေး နုနုဖက်ဖက်ကလေး ဖြစ်တဲ့အပြင် စိတ်ထား ဘယ်လောက် နူးညံ့လဲ သိတာကြောင့် စိုင်းဖြိုးလို မုဒိမ်းကောင်နဲ့ လုံးဝသဘောမတူနိုင်ဘူး။

ယူပြီးသွားလို့ အဲ့ကိစ္စတွေ ဖြစ်တဲ့ အခါ တိုင်း  ဆေးရုံနဲ့အိမ် တွဲဆောက်ရမှာ။ဥပဓိရုပ်ကိုကလဲ ဥပုဒ်စောင့်မဲ့ရုပ် တစ်စက်မှ မပေါက်ဘူး။

Min Tha Khin Khat Htan  {S-2} {Completed}Where stories live. Discover now