{ 36 } Uni

14.7K 996 232
                                    

အိမ်ထောင်သက်တမ်း ၂၂ နှစ်အတွင်း ရိုက်ဖို့မပြောနဲ့ ၊ စကားတောင် ကိုယ့်ကိစ္စနဲ့ကိုယ် တစ်ခါမှ မများခဲ့ဖူးဘူး။

စကားများတယ်ဆိုရင်တောင် မင်းသခင်ခက်ထန် ကြောင့်ကြီးပဲ။

အိမ့်မှူးသခင်နွယ်က သားနဲ့ ပတ်သက်လာရင် အတ္တကြီးတဲ့အပြင် တစ်ကိုယ်ကောင်းဆန်ရုံသာမက သားက လွဲရင် ဘယ်သူ့မှ ခေါင်းထဲ မထည့်ဘူး။

သားဆံပင်တွေ အခုလို ဘယ်တော့မှ ဆံပင်အမဲ ပြန်မပေါက်တော့တာလဲ အိမ့်မှူးသခင်နွယ် အလိုလိုက်လွန်းလို့။ငယ်သေးတဲ့အချိန် chemical အထိများသွားပြီး ဘယ်လောက်ပဲ ဆေးပြန်ကုကု အမဲ ပြန်မထွက်တော့ဘူး။

သားက လိုချင်တာကို ရအောင်ယူတတ်သည့်အပြင်
သူဘာလိုချင်ချင် အနုနည်းနဲ့မရရင် အကြမ်းနည်းနဲ့ သုံးတတ်တဲ့သူမျိုး။

ငယ်ငယ်ကတည်းက သားဘာလိုချင်ချင် အမြဲ ဖြည့်ဆည်းပေးတဲ့ အိမ့်မှူးသခင်နွယ်ရဲ့ ပုံစံခွက်ထဲမှာ နေခဲ့တဲ့ ကလေးဆိုတော့ သားက ဘာလိုချင်ချင် သူရကို ရရမယ်ဆိုတဲ့ အစွဲကြီးကရှိနေတာ။

သားတစ်ခုခု အမှားလုပ်ရင်တောင် တစ်မိသားစုလုံးက မျက်ကွယ်ပြုထားကြတာ။
သားက နှစ်ဖက်မိသားစုရဲ့ တစ်ဦးတည်းသော မျိုးဆက်လေးဆိုတော့ အကုန်လုံးက ဘုရင်တစ်ပါးလို ကိုးကွယ်ကြတဲ့အတွက် သားက အနည်းငယ်ဆိုးသွမ်းသည်။

သားဘယ်လောက်ပဲ အမှားတွေ လုပ်လုပ်
နှစ်ဖက်မိသားစုလုံးက ဘယ်သူကမှ အမှားလို့မမြင်ကြဘူး။ ကလေးရဲ့  မှားတာလေးတောင် ချစ်စရာလေးလို့ မြင်နေကြတာ။

သားဟာ အရင်က ပစ္စည်းတွေလောက်ပဲ သဘောကျတတ်တာ။
အခုက လူတစ်ယောက်ကို သူလိုသလို ခြယ်လှယ်နေတာ။

သားကို သူမမွေးခင် ဗိုက်ထဲမှာ ရှိနေစဥ်တုန်းကတည်းက အိမ့်မှူးသခင်နွယ်က ဂရုတစိုက်နဲ့ ချစ်ပေးရှာတာ။ မွေးပြီးတော့လဲ သားကို မိဘတွေ ထိတာတောင် သိပ်ကြိုက်တဲ့သူ မဟုတ်ဘူး။

အပြင်တွေ ဘာတွေ သွားလို့ သားကို တစ်ချို့ကချစ်လို့ ချီချင်ရင်တောင် ဒေါသထွက်နေတာ။သားရဲ့ တစ်ခုခု ဆို 'တောက်' ခေါက်တတ်တဲ့ အကျင့်ကလဲ အိမ့်မှူးသခင်နွယ်ဆီက ဆင်းသက်လာတာ။

Min Tha Khin Khat Htan  {S-2} {Completed}Où les histoires vivent. Découvrez maintenant