{ 78 } Uni

9.2K 577 389
                                    

ချမ်းဆောင်းဟန်က ဇာတ်ကား ဘာညာ ကြည့်တတ်တဲ့ အလေ့အကျင့်မရှိသလို သူတစ်ခါတစ်လေ ကြည့်သည့် ဇာတ်ကားများကလဲ သူ့မိဘတွေလို ဟာသကားနဲ့ ကာတွန်းကားသာ ဖြစ်သည်။

ကလေးတွေ ကိုယ်ဝန်ရပြီဆိုထဲကိုက သူအမြဲအိမ်မှာနေ့တိုင်း ကြည့်သည့် ကာတွန်းကားက Frozen ကာတွန်းကားပင်။

နေ့နေ့ ညည အမြဲလိုလို Frozen ကားပဲ ကြည့်နေတာကြောင့် မိန်းကလေး မွေးမှာ အရမ်းစိုးရိမ်သော်လည်း.....

"မင်းသမီးက ဆံပင်အဖြူလေး နဲ့ဆိုတော့ သဲလေး နဲ့ တူလို့ ကြည့်တာပါ"

လို့ ပြန်ပြောတာကြောင့် တားရခက်သည်။

အခုလဲ စိုင်းဖြိုးကို မျက်စောင်းထိုးလိုက် ...သူ့ Frozen ကာတွန်းကိုကြည့်လိုက်.... စတော်ဘယ်ရီ သီးတွေ စားလိုက်နဲ့ တစ်ယောက်တည်း တိုင်ပတ်နေပြန်သည်။

ကိုကို အသီးတွေ စားရင် သူ သိပ်ပျော်သည်။

အသီးများများစားရင် ယောက်ျားလေး မွေးတတ်တယ် လို့ သူ ကြားဖူးသည်။

စိုင်းဖြိုးလဲ သူ့အိမ်ထောင်နဲ့ သူ ဖြစ်နေတာတောင် ကိုကိုက သူနှင့် စိုင်းဖြိုးကို နှစ်ယောက်တွဲမြင်တာနဲ့ သဝန်တိုသေးသည်။

စိတ်ရော ခန္ဓာကိုယ်ရော အစစအရာရာ ချမ်းဆောင်းဟန်ကြီးသာ ပိုင်ပါသည် ဆိုနေမှကို ထိုလူသားက သဝန်တိုစိတ် တအားပြင်းထန် လွန်းသည်။သို့သော် ချစ်ဖို့လဲ အလွန်ကောင်းသည်။

မင်းသခင်ခက်ထန် စိုင်းဖြိုးနဲ့ လုပ်ငန်းကိစ္စတွေ ပြောနေရင်း အသံချိုချိုသာသာလေးနဲ့ ခေါ်လာသူကြောင့် အလုပ်တွေကို ပစ်ချပြီး ချမ်းဆောင်းဟန် ဆီကို ပြေးရသည်။

"သဲလေးရေ... "

"ဗျာ ...ကိုကို သဲလေး လာပြီ "

သူရောက်သွားတာနဲ့ သူ့ကို သွားတန်းညီညီကလေးတွေ ပေါ်တဲ့ အထိအောင် ပြုံးပြနေတဲ့ ကိုကိုက သိပ်ကို ချစ်ဖို့ကောင်းလွန်းသည်။

"ကိုကို့ အနားမှာ လာထိုင်ပါဦး "

မင်းသခင်ခက်ထန် ချမ်းဆောင်းဟန်ရဲ့ စကားအတိုင်း နားထောင်စွာ ချမ်းဆောင်းဟန် ဘေးနားလေးမှာ ကပ်ထိုင်လိုက်၏ ။

Min Tha Khin Khat Htan  {S-2} {Completed}Where stories live. Discover now