{ 12 } Uni

18K 1K 119
                                    

မင်းသခင်ခက်ထန် အခန်းတံခါးဖွင့်ပြီး ဝင်လိုက်တာနဲ့ ကြက်သီးတွေ ထလာပြီး ကြောက်စိတ်တွေက ပေါ်ပေါက်လာသည် ။
သူ့လို အနေအထားနဲ့ သရဲမကြောက်သင့်ဘူး ဆိုပေမယ့် သူတကယ်ကို ကြောက်သည်။သူဘယ်ကိစ္စကို မဆို ရဲရဲရင့်ရင့် လုပ်နိုင်ပေမယ့် နဂိုစိတ်ရင်းကိုတော့ လုံးဝပယ်ဖျက်မရ။

အရမ်းကြောက်လာတဲ့အခါ အချိန်မရွေး ချမ်းဆောင်းဟန်ရဲ့အခန်းထဲ သွားလို့ ရအောင် ရင်ဘက်အတုတွေ ဖင်အတုတွေပါ တစ်ခါတည်း ဝတ်ထားပြီး လုံလုံခြုံခြုံဖြစ်စေမယ့် Pajamas ကို ဝတ်ဆင်လိုက်၏ ။

မင်းသခင်ခက်ထန် စိတ်ထဲခြောက်ခြားနေပြီး တစ်ယောက်ယောက် သူ့ကို စိုက်ကြည့်နေတယ်လို့ ထင်နေမိသည်။

သို့ပေမယ့် အဲ့လူဆီကိုသွားဖို့အရေး ဝန်လေးနေမိသည်။ထို့ကြောင့် ကြောက်တဲ့စိတ်ကို ချုပ်ထိန်းဖို့ သူ့အဖေ သင်ပေးထားတဲ့ နည်းလမ်းအတိုင်း ဘုရားရှိခိုး ၊မေတ္တာသုတ်ရွတ် ၊ပုတီးစိပ် ပြီး အိပ်ဖို့ မနည်းကြိုးစားရသည်။

************************************

"ဒုန်း!!! ဒုန်း !!! ဒုန်း!!!"

ကြားနေရတဲ့ အခန်းတံခါး ခေါက်သံ အကျယ်ကြီးကြောင့် ချမ်းဆောင်းဟန် ရေအမြန်ချိုးပြီး Bathrobe ကြိုးချည်ရင်း အခန်းတံခါးကိုဖွင့်သည်။

"ကျွီ!"

တံခါးဖွင့်လိုက်တဲ့အခါ အခန်းတံခါးကို မှီထားတဲ့ အရပ်ရှည်ရှည် ရွှေဝါရောင်ဆံပင်ဂုတ်ဝဲလေးနဲ့ ကိုရီးယားဆန်ဆန် မျက်နှာလေးကို ပိုင်ဆိုင်ထားပါသော သူ့ရဲ့ ညီမဝမ်းကွဲဖြစ်သူ ဇွေးကိုတွေ့လိုက်ရသည်။

ဇွေးလဲ တံခါးလာဖွင့်တာကို စောင့်နေရင်း တံခါးကို မှီထားတာကြောင့် ချမ်းဆောင်းဟန် တံခါးဖွင့်လိုက်တဲ့အခါ  အရှိန်လွန်ပြီး ပက်လက်ကြီး လဲကျသွားသည်။

"အာ့ !!   ကိုကြီး!!! "

"နည်းသေးတယ်.. Bell ရှိတာ တီးပါလား! ဘာလို့ ငါ့ အခန်းကို လာဖျက်ဆီးနေတာလဲ!!"

"မဆူခင် အရင်ထူပေးပါလား ခါးနာသွားပြီ"

ချမ်းဆောင်းဟန် သူ့အရှေ့က လက်တစ်လုံးအင်္ကျီခါးတို၊ မီနီစကပ်အတိုလေးနဲ့ ကို့ရို့ကားယားဖြစ်နေတဲ့ ညီမဝမ်းကွဲ ဇွေးကို ဂျိုင်းအောက်ကနေ မပေးပြီး ထူပေးလိုက်၏  ။တစ်စက်မှ ညင်သာမှုမရှိ။

Min Tha Khin Khat Htan  {S-2} {Completed}Where stories live. Discover now