{ 77 } Uni

9.2K 531 367
                                    

ဆေးလိပ်ကို ပိုင်ဆိုးပိုင်နင်းနဲ့ နှူတ်ခမ်းနှစ်လွှာကြားကနေ ဆွဲယူသူကို ချမ်းဆောင်းဟန် မျက်လုံးကို မှေးပြီး  စိုက်ကြည့်ပေမယ့် အဲ့မျက်လုံးမှေးမှေးတွေကို မင်းသခင်ခက်ထန်က ဂရုတောင်မစိုက်ဘဲ ချမ်းဆောင်ဟန်ဘေးမှာ ကပ်ထိုင်ကာ ချမ်းဆောင်းဟန်ရဲ့ ညာဘက်လက်ကို သူ့ပခုံးပေါ်တင်ပြီး ဖက်ထားတဲ့ ပုံစံလေးတောင် နေလိုက်သေးသည်။

ချမ်းဆောင်းဟန်ရဲ့ ခါးကို လက်နှစ်ဖက်နဲ့ မတင်းမကြပ်လေးဖက်ပြီး ချမ်းဆောင်းဟန်ရဲ့ ပါးပြင်လေးကို နှာခေါင်းလေးနဲ့ တို့တို့ထိပြီး တဖွ ဖွ နမ်းသည်။

ဒါဟာ ကလေးဆန်ဆန် ချော့နည်းလေး။

ဘာလိုချင် တပ်မက်မှုမှ မပါတဲ့ အေးချမ်းတဲ့ အပြုအမူလေး။

အစကတည်းက စိတ်ပြေနေတဲ့ ချမ်းဆောင်းဟန်လဲ အချွဲပိုလွန်းတဲ့ မင်းသခင်ခက်ထန်ကြောင့် အောက်နှုတ်ခမ်းကို ကိုက်ပြီး ပြုံးနေမိသည်။

ဒီကလေးလေးက သူ့ကို အသည်းယားအောင် သိပ်လုပ်သည်။

"သွား အခုမှ လာ နမ်းမနေနဲ့ "

"ကိုယ့်ယောက်ျားကို လွမ်းလို့ ဟာကို "

"လွမ်းတယ်ဆိုပြီး ဘာလို့ ထားခဲ့တာလဲ "

"ကိုကိုပဲ မမြင်ချင်ဘူးဆို "

"မင်းက ငါ့ကိုမှ မချစ်တာ လျှောက်သွားချင်နေတာပဲ သိတဲ့ကောင် "

"စကားမများချင်ဘူး ကိုကိုရယ် ~~~
ဆေးလိပ်နံ့တွေက မွှန်နေတာပဲ"

"အဲ့တော့ မကြိုက်ဘူးလား "

"ဟင့်အင်း မကြိုက်ဘူး...
ကိုကို့ အတွက်ရော.. ဗိုက်ထဲက ကျွန်တော့် သားလေး အတွက်ရော "

"ဘာကို သားလဲ ငါ သမီးပဲ မွေးမှာ "

"ချမ်းဆောင်းဟန်တို့ကတော့ အရွဲ့ စကားတွေ စလာပြီ "

"မင်းက ငြိုငြင်နေပြီလား "

"သားလေးပဲမွေးပါဆို~~~ "

"မရဘူး သမီးပဲ "

"ကိုကိုနော် ~~~"

"သားမွေးမွေး သမီးမွေးမွေး ကိုယ်တို့ နှစ်ယောက်စလုံးရဲ့ သွေးသားပဲ မှတ်လား"

Min Tha Khin Khat Htan  {S-2} {Completed}Tahanan ng mga kuwento. Tumuklas ngayon