{ 51 } Uni

12K 785 389
                                    

တောက်ခေါက်သံ အကျယ်ကြီးကြောင့် ချမ်းဆောင်းဟန်ရော အိမ့်မှူးသခင်နွယ်ရော နှစ်ယောက်စလုံး အကြည့်က မင်းသခင်ခက်ထန် ဆီကို ရောက်သွားသည်။

Oxygen ပိုက်တွေ ဆေးပိုက်တွေ အတင်းဆွဲဖြုတ်နေပြီး ဒေါသမျက်ဝန်းတွေနဲ့ ထထိုင်ဖို့ ကြိုးစားနေတဲ့ မင်းသခင်ခက်ထန်ကို ချမ်းဆောင်းဟန် အတင်းဖိချပြီး အိပ်ရာပေါ် ပြန်လှဲချလိုက်ပေမယ့် မင်းသခင်ခက်ထန် သူ့ လက်တွေကို မရမက ရုန်းပြီး ချမ်းဆောင်းဟန်ရဲ့ ရင်ဘက်ကနေ အင်္ကျီကို ဆောင့်ဆွဲလိုက်၏ ။

ဆောင့်ဆွဲလိုက်တဲ့အရှိန်ကြောင့် သူ့ခန္ဓာကိုယ်ပေါ်ကို ချမ်းဆောင်းဟန်ရဲ့ ခန္ဓာကိုယ်က အရှိန်လွန်ပြီး ယိုင်ကျလာသည်။ထိုအခါ သူ့အပေါ် ယိုင်ကျလာတဲ့ ချမ်းဆောင်းဟန်ရဲ့ နှုတ်ခမ်းတွေကို ပေါက်ထွက်သွားအောင် ကိုက်ဖောက်လိုက်၏ ။

မင်းသခင်ခက်ထန်ရဲ့မျက်လုံးပုံစံ ၊ ကြည့်ပုံတွေကအစ အရင်နဲ့ လုံးဝမတူ။ တခြားတစ်ယောက်ကဲ့သို့ပင်။မျက်သားတွေကလဲ ရဲတက်နေပြီး နားထင်ကြောတွေကအစထောင်နေသည့်အပြင် အသက်ရှူသံတွေကလည်း ပြင်းထန်နေသည်။

"ခင်ဗျားက ကျွန်တော့်ယောက်ျား ....  မေ့နေမှာစိုးလို့ သတိပေးတာ!!!"

မင်းသခင်ခက်ထန်ရဲ့ အသံက မာထန်နေပြီး  သူအရင်ကြားခဲ့သလို နူးနူးညံ့ညံ့လဲ မဟုတ်ချေ။သူတို့ အရင်ကလဲ စကားအခြေအတင် ဖြစ်ဖူးခဲ့ကြပေမဲ့ ယခုက လုံးဝ မတူ။လုံးဝ တစ်ခြား တစ်ယောက်လိုပင်။ မင်းသခင်ခက်ထန်ရဲ့ ပုံစံက ဘယ်နှစ်မျိုးတောင်ရှိလဲ သူမသိတော့။မင်းသခင်ခက်ထန်ရဲ့ ဘယ်ပုံစံကို မဆို သူသဘောကျ နှစ်ခြိုက်ပေမဲ့ ယခုလိုမဆင်မခြင်နဲ့  အမေဖြစ်သူရှေ့မှာလုပ်တာကိုတော့ တကယ်စိတ်ဆိုးသည်။

အမေအရှေ့မှာမှ မထီမဲ့မြင်နဲ့ အရှက်ခွဲခံရသလို ခံစားလိုက်ရတာကြောင့် ချမ်းဆောင်းဟန် ရှက်လဲရှက်ရသလို ဒေါသလဲ ထွက်သည်။

ကလေးက သဝန်တိုနေမှန်း သိနေတာကြောင့် သူ့အမေရှေ့မှာမို့ သည်းခံပေးလိုက်တယ်ဆိုပေမဲ့ မထီမဲ့မြင် လုပ်လွန်းနေတဲ့အတွက် နှုတ်ခမ်းက သွေးတွေကို လက်ဖမိုးနဲ့ ဆွဲပွတ်လိုက်ပြီး မင်းသခင်ခက်ထန်ကို တစ်ချက်တော့ လေသံမာမာနဲ့  အော်လိုက်၏ ။

Min Tha Khin Khat Htan  {S-2} {Completed}Where stories live. Discover now