{ 35 } ZG

4.8K 123 18
                                    

"မင်း ငါ့ကို ရွဲ့နေတာလား မင်းသခင်ခက်ထန်"

"ကိုကိုပဲ ကလေးလို မဆက်ဆံနဲ့ဆို"

"အဖေ လို့ ခေါ်စရာလား"

"ကျွန်တော့်ဘဝမှာ အဖေလို့ ခေါ်တာ
ကိုကို တစ်ယောက်ပဲ ရှိတယ်"

"မင်းက ကိုယ့်ကို မင်းအမေ နှစ်ယောက် နဲ့ ပေးစားချင်နေတာလား။ ကိုယ်ကတော့ မမအိမ့်မှူးသခင်နွယ် ကိုပဲကြိုက်တာ။ မမအိမ့်မှူးသခင်နွယ်က ရိုးရိုးအေးအေး နူးနူးညံ့ညံ့လေး။ မင်းမာမား ဒေါ်မေရှားခက်ထန်က  ကိုယ့်ကိုဆို လူသတ်တော့မလို ကြည့်တာ ..အဲ့တော့ ကိုယ်နဲ့ အဆင်ပြေမှာ မဟုတ်ဘူး  "

"မာမီက ရွှေချောင်းပါတဲ့လူဆို မကြိုက်ပါဘူးလို့ ကိုကို့ကို ပြောဖူးပါတယ်နော်... ပြီးတော့ မာမီက ကိုကို ထင်သလို နူးနူးညံ့ညံ့ မဟုတ်ဘူး"

ချမ်းဆောင်းဟန် နေရာမှာ တခြားတစ်ယောက်သာ အခုလို လာပြောကြည့် ခေါင်းတစ်ခြား ကိုယ်တခြား ဖြစ်သွားမှာ ဆိုပေမယ့် ကိုကို့ကို ကျတော့ အပြစ်မမြင်ရက်ဘဲ ကလေးဆန်လိုက်တာလို့ပဲ တွေးမိသည်။ကိုကိုက တကယ်  ချစ်စရာလေး။

"ငယ်ငယ်ထဲကနေ အခုထိ အဘိုးအိုဆံပင်နဲ့ကောင်က ကျက်သရေတုံးတုန်းပဲ"

"ကိုကိုက မှတ်မိသေးတာလား"

ချမ်းဆောင်းဟန်အား ပွေ့ချီထားလျက်ဖြင့် ရေချိုးခန်းတံခါးကို ခြေထောက်နဲ့ ကန်ပြီး ဖွင့်လိုက်၏ ။

"ဒုန်း!"

"မင်း ငါ့ရေချိုးခန်းကို လာဖျက်ဆီးနေတာလား"

"ရေချိုးခန်းတံခါး ပျက်သွားတော့ ကိုကိုနဲ့ အတူတူ ရေချိုးလို့ ရတာပေါ့... မဟုတ်ဘူးလား ကိုအဖြောင့်ကြီး"

"လွှတ်တော့ "

"မလွှတ်နိုင်ဘူး"

"မရုန်းနေနဲ့ ကိုကိုရာ...  အောက်ကကောင်က ထောင်နေရတဲ့ကြားထဲ ချော်ထိုးမိရင် မတတ်နိုင်ဘူးနော်"

"အိပ်ချင်နေပြီ "

"ရေချိုးဉီးမယ်လေ... ကိုကို တစ်ညလုံး ချွေးတွေကြီးပဲ "

မင်းသခင်ခက်ထန် ချမ်းဆောင်းဟန်ကို ချီထားရင်းနဲ့ ကိုယ်အပူရှိန်ကို ခံစားမိလာသည်။ဒီလူကြီး ဘယ်လောင်တောင် အသန့်ကြိုက်လဲသူသိသည်။အခုရေတောင်မချိုးနိုင်ဘူးဆိုတော့ တော်တော်လေး နုံးနေမှာနားလည်သည်။

Min Tha Khin Khat Htan  {S-2} {Completed}Opowieści tętniące życiem. Odkryj je teraz