မင်းသခင်ခက်ထန်နဲ့ ချမ်းဆောင်းဟန် စကားပြောနေရင်း မင်းသခင်ခက်ထန် ဆီကို ဖုန်းဝင်လာသဖြင့် ချမ်းဆောင်းဟန် အလိုက်တသိ ဘာစကားမှ မပြောဘဲ တိတ်ဆိတ်ပေးသည်။
ဖုန်းဆက်လာသူက စိုင်းဖြိုးဖြစ်နေတာကြောင့် ဖုန်းကို ချက်ချင်းကိုင်လိုက်၏။
အိပ်ချင်နေသေးတဲ့ ကိုကို့ကို မနှောင့်ယှက်ချင်တာကြောင့် အပြင်ထွက်ပြီးသာ ဖုန်းပြောသည်။
"ဘာဖြစ်လို့လဲ စိုင်းဖြိုး"
"ခန့် ရဲ့ တပည့်တစ်ကောင်ကို မင်းဘဲကြီး Hotel နားမှာတွေ့လို့ ငါဖမ်းထားတယ်"
"ဘယ်မှာလဲ အခု "
"ငါ တည်နေရာ ပို့ပေးလိုက်မယ်"
"အွန်း"
မင်းသခင်ခက်ထန် အခန်းထဲ ပြန်ဝင်လာပြီး ကုတင်အောက်မှာ ဖွက်ထားတဲ့ သူ့ကျောပိုးအိတ်ထဲက Mask အဖြူလေးကို တပ်လိုက်ပြီး နေကာမျက်မှန်ကို တပ်လိုက်၏ ။ပြီးတော့ ဘောင်းဘီပေါင်တို အဖြူတစ်ထပ်ကို ဝတ်သည်။
ချမ်းဆောင်းဟန် အိပ်ချင်မူးတူးနဲ့ ကောင်လေး ရဲ့ အပြုအမူတွေကို ပျောက်ကွယ်သွားမှာ စိုးသည့်အလား မျက်တောင်မခတ် လိုက်ကြည့်နေမိသည်။
ဖြူဖွေးပြီးသွယ်စင်းနေတဲ့ပေါင်တံလေးတွေ၊ အဖြူရောင် Shoe လေးတွေ၊ အဖြူရောင်ဘောင်းဘီအတိုလေးတွေ၊ အဖြူရောင် Hoodie လေးတွေ၊ ဆံပင်အဖြူရောင်လေးတွေ၊ Mask အဖြူလေးတွေ က ဖြူနေတဲ့ မင်းသခင်ခက်ထန် ကို ပိုပြီး ဖြူစေပြီး ချစ်စရာပိုကောင်းအောင် ပံ့ပိုးနေသည်။
မင်းသခင်ခက်ထန် သူ့ကို သေချာ စိုက်ကြည့်နေတဲ့ ချမ်းဆောင်းဟန်ရဲ့ ဘေးနားလေးမှာ ကပ်ထိုင်လိုက်ပြီး ချမ်းဆောင်းဟန်ရဲ့ ဆံပင်လေးတွေကို ဖြည်းဖြည်းချင်း လက်ကလေးနဲ့ ဖွဖွလေး ပွတ်သပ်လိုက်၏ ။
ပြီးတော့ ဆံပင်လေးတွေကို ကိုင်ကာ ချမ်းဆောင်းဟန်ရဲ့ ရဲတက်နေတဲ့ နားရွက်လေးတွေကို ငုံ့နမ်းသည်။
ကိုကိုက ငြိမ်နေသဖြင့် သူရှေ့ဆက်ရဲလာသည်။နားရွက်လေးကနေ တဖြည်းဖြည်း နှုတ်ခမ်းလေးနဲ့ ပါးပြင်တစ်လျှောက်လုံးကို ဖွဖွလေး နမ်းလိုက်ပြီး ချမ်းဆောင်းဟန်ရဲ့ နှုတ်ခမ်းပါးလေး တစ်ခုလုံးကိုလဲ စုပ်ယူလိုက်၏ ။ပြီးတော့ အလိုက်သင့်လေးနေပေးနေတဲ့ ချမ်းဆောင်းဟန်ရဲ့ နှုတ်ခမ်းနှစ်လွှာ အတွင်းထဲကိုပါ သူ့လျှာလေး ထိုးထည့်ကာ တစ်ယောက်နဲ့ တစ်ယောက် လွတ်ထွက်သွားမှာ စိုးသည့်အလား ပြင်းပြင်းရှရှ နမ်းရှိုက်ကြသည်။
![](https://img.wattpad.com/cover/325845516-288-k21078.jpg)
VOCÊ ESTÁ LENDO
Min Tha Khin Khat Htan {S-2} {Completed}
Romanceချိုပြီး မှောင်တာကြောင့် Warning 🚨 ကြိုပေးထားပါတယ်။ 🔞🔞 ရှောင်တဲ့သူ ဆိုရင်တော့ မဖတ်ဖို့ အကြံပြုပါတယ်ရှင်။ Min Thant Ko Ko Maung {S1} ချိုပြီး မှောင်တာကြောင့် Warning 🚨 ကြိုပေးထားပါတယ်။ 18+ ရှောင်တဲ့သူ ဆိုရင်တော့ မဖတ်ဖို့ အကြံပြုပါတယ်ရှင်။ ကလဲ့စ...