{ 28 } ZG

4.7K 125 10
                                    

"ဒုန်း ဒုန်း ဒုန်း!"

"ဟင့် မဖွင့်ပေးဘူး"

"သားပါ မာမီ "

"သားပဲ ဝင်ခဲ့.. ဟို မိန်းမကြီးကို မဝင်လာစေနဲ့"

"လုံးဝ မဝင်လာစေရဘူး"

"ကျွီ!"

အခန်းတံခါးကို ဖွင့်လိုက်တာနဲ့ မေရှားခက်ထန် အခန်းထဲကို အတင်းဝင်ဖို့ လုပ်ပေမယ့် အိမ့်မှူးသခင်နွယ်က မင်းသခင်ခက်ထန်ကို အမြန်ဆွဲသွင်းပြီး တံခါးကို ဝုန်းခနဲ ဆောင့် ပိတ်လိုက်၏။

"သားလေး ထိုင်ဉီး"

"ဟုတ်မာမီ "

"သားလေး ဒီမှာ အပြီးလာနေတော့မလို့လား"

" သားမနက်ဖြန် အမေရိက ပြန်ရတော့မှာ "

"အဲ့ဒါ  ဟိုမိန်းမကြီး မကောင်းလို့ "

"သား.. မာမီနဲ့ တစ်ခုတိုင်ပင်ချင်တယ်"

"သားပြောလေ"

"သား .. ကိုကို နဲ့ မခွဲနိုင်ဘူး"

"သား သူ့ကို တကယ်ချစ်တာလား"

"သားမသိဘူး မာမီ။
သား ကိုကို့ကို ထိတွေ့ ကိုင်တွယ်နေမှ မဟုတ်ဘူး။ ဒီအတိုင်းလေးပဲ ကြည့်နေရင်းကို သဘောကျတာ။ တစ်ခါတလေကျတော့လဲ ချစ်စရာလေးလို့ တွေးမိပြီး တစ်ခါတလေကျတော့လဲ အသည်းယားစရာလေးလို့ထင်မိတယ် "

"မာမီ သိပ်နားမလည်တော့ဘူး"

"သား ကိုကို့ကို ခေါင်းအစ၊ခြေအဆုံး ချွေးပေါက်ကလေးတွေကအစ ချစ်စရာလေးလို့ တွေးမိနေတယ်"

"စွဲလန်းတဲ့ သဘောလောက်ပဲ ရှိပါသေးတယ်"

"မာမီ ...သား ကိုကို့ကို အပိုင်လိုချင်တယ်။ ကိုကိုက အရမ်းရှုပ်တာ ထားခဲ့ဖို့ကို သားစိတ်မချဘူး။
သားလေ ကိုကို့ကို သင်းကွပ်ခဲ့ရင် ကောင်းမလား။"

"သား ဘယ်လို စဉ်းစားထားလဲ "

"သားစဉ်းစားထားတာ တစ်ခုတော့ရှိတယ်"

"သားဘာလုပ်လုပ် ...သားသာပျော်မယ်ဆို မာမီ အကုန်လုပ်ပေးမယ်"

"သား အခုမာမားနဲ့အတူ အပြင်သွားဉီးမယ်။ မာမားအိမ်ပြန်လာတဲ့ အခါကျရင် မာမီ စိတ်ကောက်ပြေပေး။"

Min Tha Khin Khat Htan  {S-2} {Completed}Donde viven las historias. Descúbrelo ahora