{ 23 } Uni

18.8K 1K 205
                                    

မင်းသခင်ခက်ထန် ရေချိုးခန်းထဲ ဝင်သွားပြီး Bathtub ထဲ မှာ ရေနွေး နဲ့ ရေအေးကို သေချာလေး ရောစပ်ပြီးနောက်
လက်ဖျားလေးနဲ့ ရေလေးတွေကို စမ်းလိုက်ပြီး အနေတော် အနေအထားလေး ရတာနဲ့  ရေချိုးခန်း အပြင်လေး ကို ထွက်လိုက်၏။

ထိုအခါ စောင်အနက်ရောင်၊ အိပ်ရာခင်းအနက်ရောင် ၊ ခေါင်းအုံးအနက်ရောင်တွေ ကြားထဲက လူသားလေးက လည်ပင်းအထိ စောင်ကို ဆွဲခြုံထားတာကြောင့် ပတ်တီးဖြူဖြူလေး နဲ့ ခေါင်းလုံးလုံးလေးကိုပဲ မြင်နေသဖြင့် စိတ်ထဲ ချစ်စရာလေးလို့ တွေးမိသည်။

"ခေါင်းလေးပဲ မြင်ရတာတောင် ချစ်စရာလေး "

အနောက်ကကြည့်တာတောင်ချစ်စရာကောင်းနေတဲ့ ချမ်းဆောင်းဟန်ရဲ့ မျက်နှာအနေအထားလေးကို ပိုကြည့်ချင်တာကြောင့် ချမ်းဆောင်းဟန် အိပ်နေတဲ့ ကုတင်ပေါ်လေးကို တက်လိုက်ပြီးနောက် ချမ်းဆောင်းဟန် ရဲ့ မျက်နှာလေးကို သေချာကြည့်မိတော့မှ ကားရှေ့လာရပ်တုန်းက သူထိုးထားလို့ ညိုမဲ နေတဲ့ မျက်ကွင်းလေးတွေကို တွေ့လိုက်ရသဖြင့် သနားလာသည်။ဒီလူက သူ့ဒဏ်ကို တော်တော်ခံရသည်။

မင်းသခင်ခက်ထန်အနေနဲ့ သူ့အရှေ့မှာ လူပေါင်းများစွာ အနာတရ ဖြစ်တာ မြင်ဖူးပေမဲ့ ဘယ်လို သူစိမ်းကိုမှ သနားစိတ်မဝင်ဖူးဘူး။

ဒါပေမယ့် အခုတော့ ချမ်းဆောင်းဟန်ရဲ့ မျက်နှာလေး ကို ကြည့်ရင်း သူ့ရဲ့ နှလုံးသားတွေကို ဆွဲညှစ်ထားသလို နာကျင်နေမိသည်။

အသက်ရှူသံ မှန်မှန်လေး နဲ့ အိပ်ပျော်နေတာကြောင့် မနှိုးရက်ဘဲ  ချမ်းဆောင်းဟန် ရဲ့ ခန္ဓာကိုယ်လေးကို ပွေ့ချီလိုက်၏။

မြောက်တက်သွားတဲ့ ခန္ဓာကိုယ်ကြောင့် ရုတ်တရက်နာကျင်သွားပြီး ချမ်းဆောင်းဟန် နိုးလာသည်။

မင်းသခင်ခက်ထန်လို ပိန်ပိန်ညှောင်ညှောင်ကောင်လေးက ချမ်းဆောင်းဟန်လို ကြွက်သားအပြည့် နဲ့ လူကောင်ထွားထွားကြီးကို ဆွေ့ခနဲ ကောက်ချီလိုက်တာက အံ့သြဖွယ်ရာကောင်းလွန်းသဖြင့် ချမ်းဆောင်းဟန်ကိုယ်တိုင်တောင် အံ့သြသည်။ဒီကလေး ဒီလောက် အားသန်လိမ့်မယ်လို့ သူမထင်။

Min Tha Khin Khat Htan  {S-2} {Completed}Onde histórias criam vida. Descubra agora