{ 46 } Uni

13.6K 789 224
                                    

"အဲ့ဒါ ချမ်းဆောင်းဟန်ကြောင့် ဖြစ်တာ ချမ်းဆောင်းဟန် တာဝန်ယူပေး"

ချမ်းဆောင်းဟန်ချက်ချင်း မင်းသခင်ခက်ထန်ရဲ့ရွှေချောင်းပေါ်မှာရှိနေတဲ့ သူ့ရဲ့ လက်ကို အတင်းဆွဲခွာလိုက်ပြီး မျက်လုံးလေးတွေ ဝိုင်းဆက်သွားကာ အံ့သြတကြီးနဲ့ ပြန်မေးတော့သည်။

"ဘာ ..ဘာလို့  ငါက ကူညီရမှာလဲ!! "

"ချမ်းဆောင်းဟန် လုပ်လို့ ဒီကောင်က ထ လာတာလေ"

"မင်းဘာသာ ဖြစ်တာ ငါနဲ့ ဘာဆိုင်လဲ"

"ယောက်ျားဆိုတာ လုပ်ရဲရင် ခံရဲရတယ်"

မင်းသခင်ခက်ထန် တကယ်ကိုစိတ်မရှည်ဖြစ်လာသဖြင့် ချမ်းဆောင်းဟန်ရဲ့ ခန္ဓာကိုယ်ကို ပွေ့ချီလိုက်ကာ ကုတင်ပေါ်မှာ ပစ်လှဲချပစ်လိုက်ပြီး အလျှင်စလိုနဲ့ မညီမညာ ကြယ်သီးတွေ ကို ဆောင့်ဆွဲဖြုတ်ပစ်လိုက်တာကြောင့် ချမ်းဆောင်းဟန်က စိတ်ဆိုးသွား၍ အော်သည်။

"ခွေးကောင်... ဒီ အင်္ကျီက Limited Edition တစ်ကမ္ဘာလုံးမှာ တစ်ထည်ပဲ ရှိတယ်.. မဖျက်ဆီးနဲ့"

"ချမ်းဆောင်းဟန်ရဲ့  ယောက်ျားထက်
ပိုအရေးကြီးလို့လား..
အထည် ၁၀၀၀ ပြန်ဝယ်ပေးမယ်"

"•••••"

မင်းသခင်ခက်ထန် ပြောလဲ ပြောရင်း ချမ်းဆောင်ဟန်ကို မှောက်လျက် ဖြစ်အောင်လုပ်ပြီး အင်္ကျီကို အနောက်ကနေ ဆွဲချွတ်နေရင်းတန်းလန်းနဲ့ ချမ်းဆောင်းဟန်ကိုမေးသည်။

"ကျွန်တော် နဲ့ အဲ့ အင်္ကျီ  ဘယ်သူ့ကို ပိုကြိုက်လဲ "

"ငါ့အင်္ကျီ"

မင်းသခင်ခက်ထန် လက်နေရာကို ချွတ်နေရင်း လက်ကောက်ဝတ်နေရာလောက်ကနေ အင်္ကျီကို အဆုံးထိ မချွတ်ချလိုက်ဘဲ လက်ကောက်ဝတ်နေရာကနေပဲ ပူးတွဲပြီး ချည်ပစ်လိုက်၏ ။ သူက အဲ့အင်္ကျီလောက်တောင် အရေးမပါဘူးတဲ့လား။သက်မဲ့ ဖြစ်တဲ့ အင်္ကျီကိုတောင် သူတကယ်ကို သဝန်တိုသည်။

"မင်းသခင်ခက်ထန်...
ငါ့ကို ချည်တာတွေ မကြိုက်ဘူးလို့ ပြောထားပြီးသား ...
အခု ပြန်ဖြုတ်"

Min Tha Khin Khat Htan  {S-2} {Completed}Donde viven las historias. Descúbrelo ahora