{ 39 } Uni

14K 944 315
                                    

မင်းသခင်ခက်ထန် ပြန်မရောက်ခင် လွန်ခဲ့သော ၂ နာရီခန့်က

"လူသတ်တာ... ငါမကြိုက်ဘူး Shadow "

"Boss အကြောင်းကို ဖွဖို့ လုပ်နေလို့ပါ"

"ခန့်ရဲ့ တပည့်မှတ်လား ....ငါ အဲ့လူနဲ့ မရှုပ်ချင်ဘူး"

"ကျွန်တော် သေချာ လက်စ ဖျောက်ထားပါတယ်"

"အဖြူလေး အကြောင်း စုံစမ်းပေး"

"အဲ့ဒါ ဦးခက်ထန်ရဲ့မြေး မင်းသခင်ခက်ထန်ပါ ။ အခု လက်ရှိ ခက်ထန်မာဖီးယား ဂိုဏ်းရဲ့  ဂိုဏ်းခေါင်းဆောင်ပါ ။ ကျွန်တော်က Boss ကို အဲ့ကောင်လေး အကြောင်းသိမယ် ထင်နေတာ။ အဲ့ကောင်လေးက မာဖီးယားလောက မှာ နာမည်ကြီးပဲ။ ၁၀နှစ်သားလောက်ကတည်းကိုက ခန့်နဲ့ ပြဿနာတက်ပြီးနောက်ပိုင်း ဂိုဏ်းချုပ်ကအစ သဘောကျနေတာ "

"ပြီးတော့ ဘာထပ်သိသေးလဲ "

"အဲ့ကောင်လေးက လူလေးကသာ နုနုဖက်ဖက် ပုံစံနဲ့ အရမ်းဉာဏ်များပြီး တိုက်ရည်ခိုက်ရည် တော်တော်လေး ကျွမ်းကျင်တယ်လို့ ကြားဖူးပါတယ်Boss "

"သူ့ရဲ့ ဘေးက တစ်ကိုယ်လုံးအမဲဝတ်ထားတဲ့ ကောင်လေးနဲ့ရော ...ဘယ်လို ပတ်သက်လဲ "

"ဆရာ တပည့် ဆက်ဆံရေးမျိုးပါပဲ။ ၁၀နှစ်သားလောက်ထဲက ရွယ်တူသက်တော်စောင့်ပါ။  သူငယ်ချင်းပုံစံမျိုးလဲ ပေါက်ပါတယ်"

"သူ နဲ့ ပတ်သက်ပြီး ဘာသတင်းတွေ ထပ်သိသေးလဲ "

"လွန်ခဲ့တဲ့ ၃ နှစ်လောက်က မြန်မာနိုင်ငံကို ခဏ ပြန်လာရင်း ယောက်ျားရခဲ့ဖူးတယ်လို့ ကြားဖူးပါတယ်။ သူ့ယောက်ျားက အကောင်ကြီးထဲကပဲ ထင်တယ် ...တော်တော်တိတ်ဆိတ်တယ်။
သူက ဂိုဏ်းခေါင်းဆောင်ဆိုပေမဲ့ သူ့အဘိုးရဲ့ သင်ပြမှုအောက်မှာရှိနေတုန်းပါပဲ ။
အခုတော့ အတွင်းသတင်းကြားရသလောက်က သူ့အဘိုးဆီကနေ ခိုးပြေးလာပြီး သူ့ယောက်ျားဆီ ပြန်လာတယ်လို့ တော့ ကြားပါတယ်"

"အွန်း နားလည်ပြီ... ခန့် ရဲ့ အခြေအနေ ကို တစ်ချက် စောင့်ကြည့်ထားလိုက် ။
သူ့ရဲ့ ညာလက်ရုံးဆိုတော့ တော်တော်ပေါက်ကွဲနေမှာ ...မင်းလဲ ရှောင်နေဦး"

Min Tha Khin Khat Htan  {S-2} {Completed}Where stories live. Discover now