{ 57 } Uni

9.5K 661 130
                                    

ချမ်းဆောင်းဟန် ဒေါသထွက်ထွက်နဲ့ ခေါက်လိုက်သည့်အခါ အစပိုင်းမှာသာ ပြန်ရန်တွေ့ချင်နေတဲ့  မင်းသခင်ခက်ထန်က မထင်မှတ်စွာဖြင့်  ချမ်းဆောင်းဟန်ကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်၍ ...

"ကိုကို နာတယ်~~~"

အသံတိုးတိုးလေးနဲ့ ချက်ချင်းကို ချွဲပျစ်သွားတဲ့ မင်းသခင်ခက်ထန်က ချစ်ဖို့ကောင်းလွန်းလို့ ချမ်းဆောင်းဟန်ရဲ့ဒေါသ တွေတောင် ပြေပျောက်သွားသည်။သူ ဒီကလေးကို အကြာကြီး စိတ်မဆိုးနိုင်သည်မှာ သေချာသည်။

"ပုဆိုးရော ဝတ်တတ်ရဲ့လား "

မင်းသခင်ခက်ထန် အမှန်အတိုင်း ခေါင်းလေး ခါပြတာကြောင့် ချမ်းဆောင်းဟန် ပြုံးမိသည်။

တကယ့် ကလေးလေး ချစ်ဖို့အရမ်းကောင်းတာပဲ။

ချမ်းဆောင်းဟန် သူ့ကို ဖက်ထားတဲ့ မင်းသခင်ခက်ထန်ရဲ့ ဆံပင်လေးတွေကို ဖွလိုက်ကာ အသံအေးအေးလေးဖြင့် ....

"အဲ့ဒါဆို ကိုကို ဝတ်ပေးမယ်"

မင်းသခင်ခက်ထန် ဒူးအနည်းငယ်ကွေး၍  ခေါင်းလေးမော့ပြီး ပါးချိုင့်ကလေးတွေ ပေါ်တဲ့ အထိအောင် ချမ်းဆောင်းဟန် ကိုပြုံးပြလိုက်တာကြောင့် ချမ်းဆောင်းဟန် ခမျာ မင်းသခင်ခက်ထန် မျက်နှာလေးကို အကြာကြီး ငေးကြည့်မိသွားရသည်။

ဖြူစင်ပြီး အပြစ်ကင်းလွန်းသည်က တကယ့် ကလေးပေါက်စ လေးလိုပင်။

မင်းသခင်ခက်ထန်ရဲ့ မျက်နှာလေးကို အဝ ငေးကြည့်နေမိတာကြောင့် မင်းသခင်ခက်ထန်ရဲ့ နားရွက်လေးတွေရဲပြီး ရှက်နေတာကို သတိထားမိသွားသည်။

ကလေးက သူစိုက်ကြည့်တဲ့ ဒဏ် ကို မခံနိုင်ဘူး။

ချမ်းဆောင်းဟန် သူ့အရှေ့မှာ ရပ်နေတဲ့ မင်းသခင်ခက်ထန် ရဲ့ နားရွက်ရဲရဲ လေးတွေ ကို လျှာလေးနဲ့ တို့ထိလိုက်တာကြောင့် မင်းသခင်ခက်ထန် ရဲ့ ခန္ဓာကိုယ်လေး တုန်တက်သွားသည်။

"ကိုကို ....ကျွန်တော်တို့ ဒီနေ့ ဘုရားမသွားတော့ဘူး"

ချမ်းဆောင်းဟန် မျက်မှောင် ကျုံ့ပြီး မင်းသခင်ခက်ထန်အား မကျေမနပ်ပြန်မေးတော့သည်။

Min Tha Khin Khat Htan  {S-2} {Completed}Donde viven las historias. Descúbrelo ahora