{ 37 } Uni

14.9K 955 189
                                    

ချမ်းဆောင်းဟန် သူပြောချင်ရာ ပြောပြီးတာနဲ့ ဆေးအရှိန်တွေကြောင့် ပြန်အိပ်ပျော်သွားသည်။

မင်းသခင်ခက်ထန် ခမျာ ရင်တွေခုန်ရလွန်းလို့ ချမ်းဆောင်းဟန် ရင်ခွင်ထဲမှာ နေနေရင်း ကျောက်ရုပ်လို မလှုပ်မရှားဘဲ  ရပ်တန့်နေမိသည်။

"ကိုကိုကျတော့ ပြောချင်ရာပြောပြီး ပြန်အိပ်ပျော်သွားတယ်... ဘယ်လို အသည်းယားစရာလူကြီးလဲ မသိဘူး"

ချမ်းဆောင်းဟန်ရဲ့ လက်မောင်းပေါ်မှာ အိပ်နေရပေမဲ့ အရင်ဆို ဘာမှမဖြစ်သော်လည်း ကိုကိုက အခုချိန်မှာ နာနေမှန်းသိတာကြောင့်  ဖွဖွလေးပဲ အုံးထားလိုက်၏ ။ပြီးတော့ အရင်ကဆို အရမ်း အသည်းယားစရာကောင်းတဲ့ ကိုကို့ရဲ့ ခါးတွေ ကို တအားတွေ ဆွဲဖက်ပစ်မှာ ဖြစ်ပေမဲ့  အခုကျ ဖွဖွလေး ထိထားတာတောင် ကိုကိုနာကျင်မှာ စိုးရိမ်သည်။

ဖွဖွလေးခေါင်းအုံးထားတာတောင် နာသွားမှာ ​စိုးရိမ်တာကြောင့် ချမ်းဆောင်းဟန်ရဲ့ လက်မောင်းကို လည်ပင်းနဲ့ ခေါင်းအုံးရဲ့ ကြားက အဟနေရာလေးမှာ ရှိစေပြီးနောက်ဘေးစောင်းလေး အိပ်လိုက်သည့်အခါ နှစ်ယောက်သား မျက်နှာချင်းဆိုင်ဖြစ်နေတာကြောင့် ချမ်းဆောင်းဟန်ရဲ့ မျက်နှာလေးကို အနီးကပ် ကြည့်နေရင်း ပိုပိုပြီး သဘောကျလာမိသည်။

အမြဲ Gel နဲ့ သပ်တင်ထားတဲ့ ဆံပင်လေးတွေက ဖရိုဖရဲ ဖြစ်နေပြီး ရှိရင်းစွဲ အသက်ထက် ပိုငယ်တယ်တောင် ထင်နေရသည်။

မျက်ခုံးထူထူ လေးတွေက ယောက်ျားပိုပီသတဲ့ ရုပ်သွင်ကို ဖော်ပြနေသည့်အပြင်
နှာခေါင်းချွန်ချွန်  နှုတ်ခမ်းပါးလေးကလဲ ဆွဲဆောင်မှူ ရှိလွန်းသည်။

မျက်တောင်စိပ်စိပ်လေးတွေက တစ်ပင်ချင်း စိတ်ရှည်ရှည်နဲ့ ရေတွက်ချင်စရာကောင်းလောက်အောင်ကို မြတ်နိုးဖွယ်ကောင်းလွန်းရုံသာမက  မျက်နှာတွေက ရဲတက်နေပြီး ဖောရောင်နေတာတောင် ကိုကိုက ကြည့်ကောင်းတုန်းပဲ။

မျက်နှာမှာရှိနေတဲ့မွှေးညှင်းနုလေးတွေကအစ ချစ်စရာကောင်းသည်။

မင်းသခင်ခက်ထန်ခမျာ ချမ်းဆောင်းဟန် မျက်နှာလေးကို လက်ညှိုးလေးနဲ့ ဖြည်းဖြည်း ပွတ်သပ်ကိုင်ကြည့်ရင်း စိတ်ထဲမှာလဲတွေးနေမိသည်။

Min Tha Khin Khat Htan  {S-2} {Completed}Onde histórias criam vida. Descubra agora