ထန်ထန် ထွက်သွားပြီးကတည်းကိုက သူ့အခန်းထဲက အစားအသောက်တွေကို ဘာတစ်ခုမှ မထိဘဲ ထန်ထန့် အလာကိုပဲ မျှော်နေမိသည်။
ထန်ထန့်ကို လာနိုး လာနိုး ဆိုပြီးစောင့်နေရင်း သူ့အခန်း တံခါးရှေ့က Bell တီးသံ ကို ကြားလိုက်ရတာကြောင့် တည်တံ့နေတဲ့မျက်နှာလေးက ချက်ချင်းပြုံးကာ အခန်းတံခါးကို ဖွင့်သည်။
"ကျွီ"
မြင်လိုက်ရတဲ့မျက်နှာကြောင့် မျှော်နေတာကတစ်ယောက် ရောက်လာတာကတစ်ယောက် ဖြစ်နေတဲ့အတွက် ချမ်းဆောင်းဟန်ရဲ့ မျက်နှာက ချက်ချင်းတည်တင်းသွားသည်။
ဇွေး သူ့အကိုရဲ့ ဘဝင်မကျတဲ့ မျက်နှာကြောင့် အလှပြင် ပစ္စည်းတွေ ကို မြန်မြန်သွက်သွက်ပဲ ယူလိုက်၏ ။
ချမ်းဆောင်းဟန်ရဲ့ မျက်လုံးတွေက စူးရဲနေပြီး ဒေါသထွက်နေမှန်း သိသာတာကြောင့် ဇွေးမျက်နှာကို အချိုသာဆုံး ထားထားပြီး ပြုံးပြကာ...
"ဟီး ...ကိုကြီး အလှပြင် ပစ္စည်းလေးတွေ ယူချင်လို့ပါရှင့်"
"အွန်း"
ဇွေးကသာ မျက်နှာချိုသွေးနေပေမယ့် သူကတော့ စိတ်မကြည်တာကြောင့် မျက်နှာက ခပ်တည်တည်ပင်။
ဇွေးပစ္စည်းတွေ ယူပြီး ပြန်ထွက်သွားတာနဲ့ ထန်ထန့်ကို စိတ်ရှည်ရှည်နဲ့ပြန်စောင့်သည်။
တော်တော်နဲ့ ထွက်မလာတဲ့ ထန်ထန့်အား စိတ်ပူလာသည့်အတွက် အခန်းအပြင်ကို ထွက်လိုက်၏ ။အခန်းအပြင်ကိုရောက်တာနဲ့ ဆံပင်အဖြူရောင်လေးကို ကောက်ထားပြီး ခန္ဓာကိုယ်ကောက်ကြောင်းကို ပိုပြတဲ့ အနီရောင်ဂါဝန်လေးကို ဝတ်ဆင်ထားကာ လှချင်တိုင်းလှနေတဲ့အလှလေးက ဒေါက်ဖိနပ် အမြင့်ကြီး စီးထားတာတောင် တစ်ချက်မယိုင်ပဲ အပြေးအလွှား ပြေးထွက်သွားတာကို မြင်လိုက်ရသည်။
ဒါက လောကမှာ နှစ်ယောက်မရှိနိုင်တဲ့ ချမ်းဆောင်းဟန်ရဲ့ အလှလေးထန်ထန် ။
ချမ်းဆောင်းဟန် သူ့အလှလေးရဲ့ တစ်ခုခုကို စိုးရိမ်နေပြီး ပြေးလွှာနေတဲ့ ပုံလေးကို ကြည့်ရင်း သူ့အလှလေးက ကျားကျားယားယားနဲ့ သိပ်လှတာပဲလို့ စိတ်ထဲ တွေးမိသွားတဲ့အခါ မျက်နှာထက် အပြုံးလှလှလေးက ပွင့်လန်းလာသည်။

YOU ARE READING
Min Tha Khin Khat Htan {S-2} {Completed}
Romanceချိုပြီး မှောင်တာကြောင့် Warning 🚨 ကြိုပေးထားပါတယ်။ 🔞🔞 ရှောင်တဲ့သူ ဆိုရင်တော့ မဖတ်ဖို့ အကြံပြုပါတယ်ရှင်။ Min Thant Ko Ko Maung {S1} ချိုပြီး မှောင်တာကြောင့် Warning 🚨 ကြိုပေးထားပါတယ်။ 18+ ရှောင်တဲ့သူ ဆိုရင်တော့ မဖတ်ဖို့ အကြံပြုပါတယ်ရှင်။ ကလဲ့စ...